Friday, February 27, 2009

အာဏာရှင်စနစ်နှင့် တနှစ်တည်း လူဖြစ်သူ

အာဏာရှင်စနစ်နှင့် တနှစ်တည်း လူဖြစ်သူ

(OR)

ကျွန်တော်ရဲ့ဖွားဖက်တော်အာဏာရှင်စနစ်



ကျွန်တော်ရဲ့ မွေးသက္ကရာဇ်က 1962

ကျွန်တော်တို့နိုင်ငံရဲ့ အာဏာရှင်မွေးဖွားနှစ်နဲ့ဆို

တစ်ထပ်တည်း ဖြစ်တဲ့နှစ်ပေါ့

ကျွန်တော်က လူ့လောကကြီးထဲရောက်စ

အူဝဲအူဝဲလို့ သံကုန်ဟဲပြီးအော်ဟစ်ချိန်

ဗိုလ်နေ၀င်းအစိုးရက

"သေနတ်ဆိုတာ မိုးပေါ်ထောင်ပစ်တာမဟုတ်

တဲ့တဲ့ပစ်တာ သေနတ်ဆိုပြီး"

ပြည်သူကိုပစ်သတ်လို့ အာဏာသိမ်းချိန်ဟာ

တစ်ချိန်ထဲပဲ ဖြစ်ခဲ့တယ်လေ။

ဒါကြောင့် ကျွန်တော်ရဲ့ ဖွားဖက်တော်အဖြစ်ဟာ

အာ၊ဗော၊ကာ၊ယ၊ဆံ၊ရွှေ၊ကဏ်-မဟုတ်

သူယုတ်မာစနစ် အာဏာရှင်စစ်သာဖြစ်ခဲ့တယ်

အာဏာရှင်စနစ်နဲ့ ပြိုင်ဘက်မွေး

ကျွန်တော်ကိုလည်း အာဏာရှင်လေးဖြစ်အောင်

ဒီစနစ်ဆိုးကြီးက ပို့ဆောင်ပေးခဲ့တယ်

ကျွန်တော်ရဲ့ မသိနားမလည် အသိမကြွယ်သေးတဲ့

ပကတိဖြူစင်တဲ့ နှလုံးသားဟာ

ဒီစနစ်ဆိုးရဲ့ ရောင်ဆိုးပေးမှုကြောင့်

နီမြန်းညှိမှိုင်းခဲ့ရတယ်

ရတာမလို လိုတာမရရင်

သံကုန်ဟစ်ဆို အော်ဟစ်ငိုပြီး

ဆဲဆိုကြိမ်းမောင်းခဲ့တယ်။

အာဏာရှင်စနစ်ကိုဖက်တွယ်ရင်း

ကိုယ့်ကိုယ်ကို ဟုတ်ပြီအထင်နဲ့ပေါ့

ငါမှငါ

ငါသာလျှင်ပဓာန

ငါ့အောက်ငယ်သူ ငါ့ရွယ်တူနှင့်

ဂုဏ်ဝါကြီးသူဆိုတာ

ဗလာနတ္ထိ ငါမသိဘူး

ငါခေါ်ရင်လာ ခိုင်းတာလုပ်

ခံမပြောနဲ့ ခွေးဖြစ်သွားမယ်

အကြောင်းနဲ့အကျိုး အကောင်းနဲ့အဆိုး

ဝေဖန်ချက်တွေ ငါနားမလည်

ငါနားလည်တာငါကောင်းစားဖို့

ငါကလွဲရင် တစ်ခြားသူပင် လူမထင်ခဲ့ဘူး

ဒီလိုနဲ့ တဖြည်းဖြည်းကြီးပြင်းရစ်လို့

မျက်စိကိုဖွင့် နားကိုစွန့်ရစ်

စာတွေကို ဖတ်မှတ်ပစ်ကာ

ကိုယ့်ကိုယ်ကိုစမ်းစစ်ဝေဖန်လှစ်တော့

ငါဟာ-လူမှဟုတ်ပါ၏လော

ရလာတာကလူ့အဖြစ်

လုပ်နေတာတွေကလူမဆန်အာဏာရှင်ဆန်ပြီး

ဘီလူးတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်းနဲ့

ရိုင်းချင်တိုင်းရိုင်းလာတဲ့နှစ်ကို

လက်ချိုးလို့ တွတ်ရေစစ်တော့

တိုင်းပြည်အုပ်ချုပ် အာဏာရှင်မျိုးယုတ်တွေဆိုတဲ့

အာဏာရှင် ဘိုးအေဂျပိုးကြီး ဗိုလ်နေ၀င်း

လူတွေကို သန်းချီသတ်တဲ့ ဗိုလ်စိန်လွင်

ရူးကြောင် မှုးကြောင် ဒေါက်တာမောင်မောင်နဲ့

စောမောင်စန္ဒာဝင်းရဲ့ ကြိုးဆွဲရာကရတဲ့

ဗိုလ်သန်းရွှေ မောင်အေး ခင်ညွှန့်တို့ရဲ့ ဘ၀ဆိုပြီး

ပြောင်းလွှဲလာလိုက်တာ

ငါနဲ့ငါ့နိုင်ငံရဲ့ အာဏာရှင်သက်တမ်းဟာ

လေးဆယ်ကျော်လို့တစ်နှစ်တောင်စွန်းခဲ့ပြီပဲ

တိုင်းပြည်အုပ်ချုပ်မျိုးယုတ်အာဏာရှင်တွေက

ထင်ရာစိုင်း

တိုင်းပြည်အစေခံဝန်ထမ်းတွေက ထင်ရာနှံ့လို့

ငါတို့ တိုင်းပြည်မှာလည်း

နိုင်ငံရေး၊ ပညာရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးဟွးရေး

အစရှိတဲ့အရေးတွေနဲ့

တိုင်းပြည်ရဲ့ ယဉ်ကျေးမှု ဂုဏ်ဟန်တွေလည်း

ဘာတစ်ခုမှ မကျန်တော့ပါလား

ဒီလိုသာဆက်ပြီး အာဏာရှင်ဆန်ကြရင်

မြန်မာဆိုတာ ဘယ်လိုဟာကို

မြန်မာလို့ခေါ်တာလဲလို့

မေးရမလိုဖြစ်တော့မည်။

မြန်မာဆိုတာ ကမ္ဘာမှာ

ချာတိချာတာနဲ့ရပ်တည်လာခဲ့တာမဟုတ်

ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ တင့်တင့်တယ်တယ်နေခဲ့တဲ့လူမျိုး

ဒါကို-ပုဂံကရှေးဟောင်းစေတီပုထိုးနဲ့

ယဉ်ကျေးမှု အမွေအနှစ် လက်မှုပညာအစစ်တွေက

သမိုင်းအဖြစ် သက်သေပြခဲ့တယ်မဟုတ်လား

ရှေးခေတ်က မြန်မာတွေရဲ့ လက်ရာဟာ

ကမ္ဘာက လူတွေကို အံ့သြလောက်အောင်

အဆန်းတကြယ်အဖြစ်နဲ့ ကျန်ရစ်အောင် လုပ်နိုင်ခဲ့တယ်

ငါတို့နိုင်ငံ တိုင်းတစ်ပါးသူထံ

ချုပ်ချယ်ခံရပေမယ့်

တို့နိုင်ငံရဲ့ ရှေးခေါင်းဆောင်ကောင်းတွေကြောင့်

မြန်မာရဲ့ ယဉ်ကျေးမှုဟာ ဘာတစ်ခုမှ မချွတ်ယွင်းခဲ့ပါဘူး

ကိုယ့်တိုင်းပြည်ကို

ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် လွတ်လပ်ရေးရအောင်

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ

အသက်သွေးချွေးခန္ဓာကိုယ်စတေးပြီး

လွတ်လပ်ရေးကို ရယူပေးခဲ့တယ်လေ။

အခုတော့ အာဇာနည်ခေါင်းဆောင်တွေ

ယူပေးခဲ့တဲ့ လွတ်လပ်ရေး

ဘယ်ဆီထွက်ပြေးလို့ သွားခဲ့ပြီလဲ

အင်္ဂလိပ်ရဲ့ အုပ်ချုပ်ရေးအောက်မှာ

ကျောင်းသားသမဂ္ဂအသင်း

ဝိုင် အမ် ဘီ အေ အသင်း

ဂျီ စီ ဘီ အေ အသင်း

အမျိုးသမီး ကုမာ®®ရီအသင်း

စသည့် နိုင်ငံရေးအသင်းတွေ

အစာငတ်ခံ ဆန္ဒပြမှုတွေဟာ

လွတ်လပ်ရေးမရခင်မှာ

လွတ်လပ်စွာ ရပ်တည်နိုင်ခဲ့ပေမယ့်

အခုလွတ်လပ်ရေးရလို့

အာဏာရှင် အုပ်ချုပ်ရေးအောက်မှာ

ကျောင်းသားသမဂ္ဂအသင်း

ရဟန်းပျို သမဂ္ဂအသင်း

စသည့်နိုင်ငံရေးအသင်းတွေနဲ့

အစာငတ်ခံ ဆန္ဒပြခွင့်ဆိုတဲ့

လွတ်လပ်ရေးဟာ ဘယ်ကိုထွက်ပြေးရစ်ခဲ့ပြီလဲ။

အင်္ဂလိပ်ရဲ့ အုပ်ချုပ်ရေးအောက်မှာ

မြန်မာနိုင်ငံရဲ့ ပညာရေးကို

ကမ္ဘာက အထင်မသေးဝံ့ခဲ့ဘူး

ကမ္ဘာရဲ့ အုပ်ချုပ်ရေး ကုလသမဂ္ဂရေးဌာနမှာ

အတွင်းရေးမှုး မြန်မာဦးသန့်ပါဆိုပြီး

ခေါင်းဆောင်ကောင်း မွေးထုတ်လို့

ကမ္ဘာကတောင်မြန်မာကို လက်ဖျားခါခဲ့ရတယ်ဟုတ်လား

လွတ်လပ်ရေးရစ အချိန်ခါ သမယမှာ

အာရှမှာ မြန်မာက အစစအရာရာသာခဲ့လို့

အာရှရဲ့ စံပြနိုင်ငံဖြစ်ခဲ့တာကို

နောင်နှစ်ပေါင်းနှစ်ဆယ်ကြာရင်

မြန်မာကိုမီရမယ်ဆိုတဲ့ စင်္ကာပူဝန်ကြီးချုပ်ရဲ့စကား

စင်္ကာပူမှာရှိတဲ့ Rangoon Road

Burmese house ဆိုတဲ့ မြန်မာနာမည်တွေက

သမိုင်းအဖြစ်သက်သေ ကျန်ရစ်နေခဲ့တယ်ဟုတ်လား

ဒီလို ကမ္ဘာမှာ မြန်မာဟေ့လို့

မော်မော်ကြွားကြွားတင့်တင့်တယ်တယ် နေနိုင်ခဲ့တာကို

အာဏာရှင် ဗိုလ်နေ၀င်းနဲ့ နောက်ပါလူတစ်စုရဲ့

ယုတ်မာကောက်ကျစ် ချိုးဖျက်ပစ်ခဲ့တာကြောင့်

အခုတော့ ဘာတစ်ခုမှ မကျန်ရစ်တော့ဘူး

အားလုံးပျက်စီး ရစ်ခဲ့ပြီ

အာဏာရှင် စနစ်ဆိုးဟာ

နိုင်ငံအတွက် ကောင်းကျိုးမပေး

ဆိုးကြိုးတွေကိုသာ ဆက်တိုက်ပေးနေခဲ့တယ်

မြန်မာအချင်းချင်း သွေးစည်းရမှန်းမသိ

ဘာမသိ ညာမသိနဲ့ အချင်းချင်းပြန်ချပစ်ခဲ့လို့

အားလုံးလဲ သွေးချောင်းစီးရစ်ခဲ့ရပြီလေ။

ရှုးတိုက်တိုင်း မကိုက်ကြပါနဲ့

ရှုးတိုက်လို့ ကိုက်တာလူမဟုတ်

ခွေးတွေရဲ့ အလုပ်ပါ။

သင်ဟာ လူလား ခွေးလား

လူဆိုရင် လူအလုပ်ကိုလုပ်ပါ

ခွေးအလုပ် မလုပ်ပါနဲ့

မေလ (၃၀) ရက်နေ့မှာ ငြိမ်းချမ်းရေးအတွက်

ဒီပဲယင်းကို ခရီးထွက်ခဲ့စဉ်က

နိုဘယ်(လ်) ဆုရှင် အောင်ဆန်းစုကြည်သခင်နှင့်

ဒီမိုကရေစီလိုလား ပြည်သူများကို

ထဘီဆွဲချွတ် အဓမ®®မုဒိန်းကျင့်ကာ

ရက်စက်စွာ သက်ဖြတ်ပစ်ကြ

ပြီးတော့မှ မလုပ်ရပါဘူးလို့ ကမ္ဘာကိုညာ

သင်တို့ရဲ့ မသမာတဲ့မာယာတွေကို

ရပ်တမ်းက ရပ်ပစ်ကြပါတော့

အို ... ပြည်သူအပေါင်းတို့

ဒို့နိုင်ငံအတွက် ကောင်းကျိုးမပေး

ဆိုးကျိုးတွေဆက်တိုက်ပေးနေတဲ့

စစ်အာဏာရှင်စနစ်ဆိုးကြီးကို

သင်ဟာလူပီသလို့ လူစင်စစ်ဖြစ်တယ်ဆိုရင်

ဆရာတော် သံဃာတော်များ

ဆရာ/ဆရာမ ကျောင်းသား ၀န်ထမ်းများနှင့်

ပြည်သူလူထုအားလုံးပေါင်းစုပြီး

အာဏာရှင် ဒီစနစ်ဆိုးကြီးကို

ကျူပင်ကိုနုတ် ကျူငုတ်မကျန်

တွန်းလှန်ပစ်ကြပါလို့ တိုက်တွန်းရင်း . . .

မင်းသုည ကွမ်းခြံကုန်း


Read More...

Thursday, February 19, 2009

သုညလက်ဆောင်

ဖိုးသုညဆိုလျှင် အသုံကျထင်၍

မဖြစ်ချင်ကြ မကြားချင်ကြ

လူအများက ငြင်းကြပြီ

သုညမှာမူ

သူတန်ဖိုး သူမြတ်နိုးကာ

နေရာတကာအမြဲပါ၍နေခဲ့ပြီ

တန်ဘိုးသိမှ တန်ဘိုးရှိတဲ့

တန်ဘိုးမသိလျှင်

ထောင်သောင်းများစွာထိုက်နေပါလည်း

ဘာမှအသုံးမကျသုံးမရပါ

သုညဖြစ်စေ မိမိဌာနေ အမြဲနေက

တန်ဘိုးအဂ္ဃထိုက်တန်ကြ၏

တစ် ... နှစ် .... ဖြစ်စေ

မိမိဌာနေ အမြဲမနေဘဲ

နေရာတကာ အမြဲပါက

ဘာမှအသုံးမကျ သုံးမရမို့

တန်ဘိုးမဲ့ကာ သွားလိမ့်မည်။

ဥပမာဆောင် ထင်အောင်ပြအံ့

ခြောက်-၆-ထဲငါး-၅-နုတ်

သုညထုတ်သော်

၎င်းသုညနေရာမကျ၍

တန်ဘိုးမဲ့ကာ သွားလိမ့်မည်။

ခြောက်ထဲ-ခြောက်နုတ် သုညထုတ်မှ

၎င်းသုညနေရာကျ၍

တန်ဘိုးရှိကာ သွားလိမ့်မည်။

ခြောက်ထဲ-ခြောက်နုတ်-တစ်ကိုထုတ်သော်

တစ်၏ဌာနနေရာမကျ၍

တန်ဖိုးမဲ့ကာ သွားလိမ့်မည်။

ခြောက်ထဲက ငါးနုတ် တစ်ကိုထုတ်မှ

တစ်၏ဌာန နေရာကြ၍

တန်ဖိုးရှိကာ သွားလိမ့်မည်။

သုညသဘော သေချာနှောကာ

အဖြေပြော၍ ဆွေးနွေးမည်။

သုညဆိုတာ မရှိ ကိုယ်စားပြုကာ ထားတာမို့

သင့်မှာ သုညဖြစ်နေက

သုညဆိုတာ လက်ခံပါ။

သင့်မှာ ပညာမရှိပါလျှင်

သင်ဟာ . . . သုညဖြစ်နေပြီ

သင့်မှာ ဥစ္စာမရှိပါလျှင်

သင်ဟာ . . . သုညဖြစ်နေပြီ

သင့်မှာ အောင်မြင်ကျော်ကြာမရှိုငြားက

သင်ဟာ . . . သုညဖြစ်နေပြီ

သင့်မှာ လူ၏အသိ မရှိဘိက

သင်ဟာ . . . သုညဖြစ်နေပြီ

သင်၏ ထံမှာ

ပညာ- ဥစ္စာ- အောင်မြင်ကျော်ကြား

မရှိငြားလည်း

လူ၏အသိ သင့်မှာရှိက

လူ့ပြည်လောက အသုံးကျလိမ့်။

သင်၏ ထံမှာ

လူ၏အသိ မရှိဘိက

လူပြည့်လောက နေဖော်ရလည်း

ဘာမှ အသုံးမကျ သုံးမရမို့

နွားနှင့်ပမာ တူပေရာ၏ ။

မင်းသုည ကွမ်းခြံကုန်း


Read More...

Thursday, February 12, 2009

သြော်---နအဖ---နအဖ

လူကြီးတစ်ယောက်သည် သူဝါသနာအတိုင်း န အ ဖ အကြောင်းကို တွေ့တဲ့သူတိုင်းကို တွေ့တဲ့

နေရာမှာ တော်တော်လေးပြောလေ့ရှိပါတယ်။တနေ့နိုင်ငံခြားသားများကိုရှေးဟောင်းပစ္စည်းရောင်း

သောဆိုင်သို့လိုက်ပို့ပါတယ်။ထိုဆိုင်ရှေ့ ရောက်သော် နိုင်ငံခြားသားအားရှင်းပြနေသည်က----

ကျနော်တို့ နအဖ စစ်အစိုးရကလည်းဒီရုပ်သေးရုပ်များလိုပဲ တရုတ်ကြီးကြိုးဆွဲရာကနေရတဲ့အကြောင်းရှင်းပြလေသည်။ထိုသူရှင်းပြသောအကြောင်းကိုကြားရ

သောရုပ်သေးရုပ်တစ်ရုပ်ကမခံချင်တာနဲ့ ထပြောလေသည်။ကျနော်ကို နအဖ နဲ့ မနှိုင်းပါနဲ့ ။ကျနော်

တို့ ရုပ်သေးရုပ်တွေသိက္ခာကျပါတယ်။အဲ့ဒိမှာတင် ထိုလူကြီးကဘာလို့ လဲလို့ ပြန်မေးတော့--------

ကျနော်တို့ ရုပ်သေးတွေက ကြိုးဆွဲရာကရပေမဲ့ပွဲကြည့်ပရိသတ်(ပြည်သူ)ကိုလေးစားတယ်။ကျေး ဇူးရှင်မှန်းသိတယ်။ကျနော်တို့ ကပြည်သူကိုဘယ်တော့မှမဆော်ကားဘူး။ဒါကြောင့်ပြည်သူကိုလေး

စားရမှန်းမသိ၊ကျေးဇူးရှင်မှန်းမသိတဲ့ နလဘိန်းတုန်းမိစ္ဆာကောင်တွေနဲ့ မနှိုင်းပါနဲ့ ။ရုပ်သေးတွေ သိက္ခာကျလို့ ပါ။

ဒီလိုနဲ့ ထိုလူကြီးဘာမှပြန်မပြောတော့ဘဲခရီးဆက်ခဲ့ပါသည်။သူ့ ရဲ့ ဗီဇအတိုင်းနအဖ

အကြောင်းကိုမပြောရရင်မနေနိုင်ပါ။နအဖ အကြောင်းကိုလဲမပြောဘဲနေမယ်လို့ ကြံပေမဲ့ပြောစရာ

တွေကတနေ့ တခြားပိုပိုများလာတော့မပြောဘဲလဲမနေနိုင်ဖြစ်နေပါတယ်။ဒီလိုနဲ့ နွားအုပ်ကြီးတစ်ခု

ကိုလမ်းမမှာ ပက်ပင်းသွားတိုးပါတယ်။ဒီမှာတင်ထိုလူကြီးကပြောပါတယ်။အခု နအဖတွေကလည်း

ဒီနွားတွေလိုပါပဲ။တရုတ်ကြီးခိုင်းတာမှန်သမျှအကုန်လုပ်နေတာပဲ။လုပ်သင့်မလုပ်သင့်မစဉ်းစားကြ

ပါဘူး။သူတို့ အာဏာတည်မြဲရင်ပြီးရောဆိုပြီး တိုင်းပြည်ကသယံဇာတွေအကုန်ထိုးပေးတော့တာပါ

ပဲ။တိုင်းပြည်မှာလဲဘာမှမကျန်တောဘူး။ထိုစကားကိုကြားတဲ့နွားတကောင်ကပြောပါတယ်။သူတို့ကို
အဆင့်မရှိတဲ့ နအဖတွေနဲ့ မနှိုင်းဖို့ အကြောင်း၊ဒီလိုအဆင့်မရှိတဲ့နအဖတွေနဲ့ နှိုင်းတာဟာသူ

တို့ နွားတွေရဲ့ ဂုဏ်သိက္ခာကိုထိခိုက်တဲ့အကြောင်း ပြောပါတယ်။ဒါနဲ့ ထိုလူကြီးကပြန်မေးပါတယ်။

ဘာကြောင့်လဲလို့ မေးတော့ ထိုနွားက---ကျနော်တို့ နွာတွေကခိုင်းတာလုပ်နေရတယ်ဆိုပေမဲ့နအဖ

လို ကိုယ့်အမျိုးဂုဏ်သိက္ခာတွေထိခိုက်နစ်နာမှာမျိုးကိုတခါမှမလုပ်ဖူးကြောင်း၊ဒါကြောင့်ကိုယ့်အမျိုး

ဂုဏိသိက္ခာကျအောင်ခိုင်းတိုင်းလုပ်တဲ့ နအဖစစ်အစိုးရနဲ့ မနှိုင်းသင့်ကြောင်း၊ဒီလိုနှိုင်းတာဟာ သူတို့ နွားတွေရဲ့ ဂုဏ်သိက္ခာထိခိုက်ကြောင်း ပြောပါတယ်။ထိုလူကြီးကနောက်မပြောတော့ပါကြောင်း ကတိ ပေးပြီး ဒီလိုပြောမိတဲ့အတွက်
ခွင့်လွှတ်ဖို့ တောင်းပန်ခဲ့ပါတယ်။

ဒီလိုနဲ့ ထိုလူကြီးလဲဆက်လျှောက်လာရာ---ကျွဲတအုပ်နဲ့ ဆက်တိုးပါတယ်။ထုံးဆံအ

တိုင်း နအဖ စစ်အစိုးရဟာ တိုင်းပြည်ကိုလေးစားဖို့ ပညာရှင်အသီးသီးကဝိုင်းဝန်းအကြံပေးနားချ

ပေမဲ့ မရတဲ့အကြောင်း၊အခုမြင်ရတဲ့ကျွဲတွေနားစောင်းသွားတီးပြရင်ဘာမှနားမလည်သလို----

နအဖ ကိုပြောရတာဟာ ကျွဲပါးစောင်းတီးသလိုဖြစ်တဲ့အကြောင်းကို နိုင်ငံခြားသားအားရှင်းပြနေပါ

တယ်။အဲ့ဒိမှာတင် ထိုလူကြီးပြောတဲ့စကားကို ကြားသွားတဲ့နွားတကောင်ကပြောပါတယ်။သူတို့ ကျွဲ

တွေကို ဒီလောက်တိုင်းပြည်အတွက်ဘာမှအသုံးမကျတဲ့ နအဖ တွေနဲ့ မနှိုင်းဖို့ အကြောင်း၊ဒီလိုနှိုင်း

တာဟာသူတို့ ကျွဲတွေရဲ့ ဂုဏ်သိက္ခာကျတယ် ဆိုတဲ့အကြောင်းကိုပြောပါတယ်။ဘာလို့ လဲလို့ ပြန်

မေးတဲ့ အခါမှာ သူတို့ ကျွဲတွေဟာလူတွေအတွက်အမတန်အသုံးဝင်ကြောင်း၊လူတွေရဲ့ ထွန်ယက်

စိုက်ပျိုးရေး သယ်ယူပို့ ဆောင်ရေးစသည်ဖြင့်လူတွေကိုကောင်းစွာကူညီကြောင်း၊ပြည်သူတွေရဲ့ စ

ကားကိုနားထောင်ကြောင်း ပြောပြီး ဒီလိုလူတွေအတွက်ဘာမှအသုံးမဝင်ဘဲလူတွေကိုဒုက္ခပေးဖို့ 

သက်သက်လူဖြစ်လာတဲ့ပြီးတော့ပြည်သူတွေရဲ့ စကားကိုနားမထောင်တဲ့ နအဖ စစ်အစိုးရနဲ့ သူတို့ 

ကျွဲတွေကိုနှိုင်းတာဟာ သူတို့ ကိုအချက်တစ်ရာရိုက်တာထက်နာတဲ့အကြောင်း၊ပြီးတော့သူတို့ ကျွဲ

တွေရဲ့ ဂုဏ်သိက္ခာကိုအကြီးအကျယ်ထိခိုက်တာမို့ ဒီ နအဖတွေနဲ့ နှိုင်းရင် နောက်ကိုသူတို့ ကျွဲရဲ့ အမည်ကျွဲဆိုတဲ့စာလုံးကိုထည့်မသုံးဖို့ သူတို့ ကျွဲတွေအားလုံးက ကန့် ကွက်ကြောင်းကိုပြောကြားခဲ့ပါတယ်။
ဒါနဲ့ ထိုလူကြီးလဲနောက်ကိုဒီလိုလူယုတ်မာတွေနဲ့ မနှိုင်းတော့ပါကြောင်းကတိပေးပြီးထွက်ခဲ့ပါတယ်။

ဒီလိုနဲ့ ဆက်လျှောက်လာရာခွေးရူးတကောင်နဲ့ တိုးပါလေရော။ခွေးရူးဆိုတော့သူ့ ကို

ကိုက်မှာကြောက်တာနဲ့ အိမ်တအိမ်ပေါ်တက်ပြေးပါတယ်။ခွေးရူးကလည်းအိမ်ပေါ်ကိုပြေးလိုက်

လာပါတယ်။ဒီလိုသူ့ ထုံးစံအတိုင်း နအဖတွေဟာဒီခွေးရူးလိုပဲဘာမှမသိတော့ဘူး။အာဏာရူးနေကြ

ပြီ။တွေ့ တာမှန်သမျှအကုန်ဖမ်း အကုန်ရိုက်၊ဘုန်းကြီးပါမကျန်သေနပ်နဲ့ ပစ်၊စစ်ဖိနပ်နဲ့ ကန်

ကြောက်၊ထောင်ဒဏ်တွေ(၃၅)နှစ်(၆၈)နှစ်(၁၀၄)နှစ်စသည်ဖြင့်နှစ်ရှည်တွေချ၊ရုပ်ပွါးတော်တွေကို

ပါခေါင်းဖြတ်၊စေတီတော်တွေရဲ့ ဌာပနာတွေကိုဖောက်၊အာဏာရူးပြီးလုပ်ချင်လိုက်လုပ်နေကြောင်းကိုပြောပါတယ်။အဲ့ဒိလူပြောတဲ့အကြောင်းကို အိမ်အောက်ကကြားသွားတဲ့ခွေးရူးဟာချက်ချင်းပြန်

ပြောပါတယ်။သူ့ ကိုနအဖအာဏာရူးတွေနဲ့ မနှိုင်းဖို့ အကြောင်း၊တခြားအရူးတွေနဲ့ နှိုင်းရင်ခံနိုင်ပေမဲ့

ဒီလိုတကမ္ဘာလုံးရှိ အဆင့်အတန်းမြင့်သူတွေအားလုံးကဝိုင်းပြီးကျဉ်ဖယ်ပြစ်ပယ်ထားပြီးသုံးစားလို့ 

မရအောင်နာမည်ပျက်နေတဲ့နအဖတွေနဲ့ နှိုင်းတာဟာသူ့ ရဲ့ ခွေးရူးဂုဏ်သိက္ခာကိုထိပါးတဲ့အ

ကြောင်း၊ပြီးတော့အခုလိုနအဖတွေနဲ့ အနှိုင်းခံရလို့ မခံချင်လွန်းတာနဲ့ သူ့ ရဲ့ ခွေးရူးရောဂါတောင်

ပျောက်သွားတဲ့အကြောင်းနဲ့ ပြီးတော့ခွေးရူးကဆက်ပြောတာကတကမ္ဘာလုံးရှိသမျှအဆိုးတွေအားလုံးနဲ့ နှိုင်းစရာမရှိအောင်ဆိုးသွမ်းယုတ်မာနေတဲ့နအဖတွေနဲ့ နှိုင်းလိုက်တာဟာ သူ့ ကိုခွေးရူးဆိုပြီး

နောက်ကနေလိုက်ရိုက်နေကြတဲ့သူတွေရဲ့ ရိုက်ချက်ပေါင်းမြောက်များစွာထက်နာတဲ့အကြောင်းကို

ပြောပြီးနောက်ကိုသူတို့ ခွေးရူးတွေရဲ့ ဂုဏ်သိက္ခာကိုထောက်သောအားဖြင့် နအဖအာဏာရူးတွေနဲ့ 

မနှိုင်းဖို့ ကိုပြောကြားလိုက်ပါတယ်။

နအဖ အကြောင်းကိုအမြဲတန်းနှိုင်းယှဉ်နှိုင်းယှဉ်ပြီးတော့ပြောပြလေ့ရှိသောထိုလူကြီး

သည်ရုပ်သေးရုပ်၊နွား၊ကျွဲ၊ခွေးရူးတို့ ပြောလိုက်သောစကားကိုအမြဲတန်းနားထဲမှာကြားယောင်နေမိရင်း---သြော်နအဖ-နအဖ အဆိုးတွေနှိုင်းစရာမကျန်လောက်အောင်ဆိုးတဲ့နအဖလို့ ငြီးတွားနေမိ

ရင်း-နအဖရဲ့ အဆိုးသံသရာလည်ပတ်နေပုံကိုတွေးတောနေမိပါတော့တယ်။



မင်းသုည(ကွမ်းခြံကုန်း)


Read More...

Sunday, February 8, 2009

စဉ်းစားတွေးခေါ်ကြလော့

ဝါဆိုဝါခေါင်ရေတွေကြီးလို့ 

သပြေသီးမှည့်ကောက်စို့ ကွယ်

ခရားဆူးချုံ ဟိုအထဲက

မျော့နက်မဲကြီးတွယ်လိမ့်မယ်

မျော့နက်ဆိုတာချိုနဲ့ လားကွဲ့ 

မြွေနဂါးတောင်မကြောက်ဘူးကွယ်

တို့ လဲကြောက်ပေါင်အတူသွားလို့ 

အုန်းလက်နွားလေးထားခဲ့မယ်

သွားကွယ်------သွားကွယ်။ ။

မင်းသုဝဏ်(ကွမ်းခြံကုန်း)



စာရေးသူတို့ သူငယ်တန်းအရွယ်က ကျောင်းဆင်းချိန်တွင်ရွတ်ဆိုခဲ့ရသောကဗျားလေးဖြစ်ပါ

သည်။ဆိုကောင်းလို့ သာဆိုခဲ့ရတယ် ဘာကိုဆိုလိုတယ် ဘာပြောတယ် ဘာကိုရည်ရွယ်ပြီးရေးတယ်ဆိုတာ

ကိုနားမလည်ခဲ့ပါဘူး။ကျနော်တို့ ကျောင်းသားတွေကလည်းမေးရကောင်းမှန်းမသိခဲ့ပါဘူး။ဒီလိုနဲ့ နေလာခဲ့

တာကာလတွေတော်တော်ကြာခဲ့ပါတယ်။ကဗျာရေးတာဝါသနာပါတော့ ကဗျာတွေအကြောင်းကိုလေ့လာ

ဖြစ်တယ်။ကဗျာတွေရဲ့ သဘောအဓိပ္ပါယ်တွေကိုစဉ်းစားတွေးခေါ်မိလာတယ်။ဒီတော့မှ ငါတို့ ဟာကဗျာတွေ

ကိုရွတ်ဆိုကောင်းရုံ အော်ကောင်းရုံ ကြက်တူရွေးစာသင်နည်းတွေနဲ့ သင်ခဲ့တာပါ။ဘာမှနားမလည်ခဲ့ပါလား

လို့ တွေးပြီး ကိုယ့်ကိုယ်ကိုရှက်မိလာပါတယ်။

ဆရာကြီးပညာပေးသွားတာကအမတန်ကောင်းပါတယ်။ကလေးတွေရဲ့ မွန်းကြပ်ခံစားနေရတဲ့

ဘဝတွေကိုစာနာနားလည်ပြီးကလေးတွေကိုအားမာန်အပြည့်ထည့်ပေးတဲ့ကဗျာလေးဖြစ်ပါတယ်။ဝါဆိုဝခေါင်ရေကြေီးလို့ သပြေသီးမှည့်ကောက်စို့ ကွယ်။ကလေးတွေကိုသဘာဝပတ်ဝန်းကျင်ကြီးနဲ့ မိတ်ဆက်ပေးတာ

ဖြစ်ပါတယ်။ဝါဆိုဝါခေါင်မှာရေတွေကြီးတဲ့သဘောရယ်သပြေသီးတွေသီးမှည့်တဲ့သဘောကိုပတ်ဝန်းကျင်နဲ့ မိတ်ဆက်ပေးထားပါတယ်။သဘာဝပတ်ဝန်းကျင်ကြီးကိုလေ့လာချင်တဲ့ စိတ်တွေ စူးစမ်းချင်တဲ့စိတ်တွေပေါ်

ပေါက်လာအောင် ကဗျာနဲ့ ဆွဲဆောင်ဖော်ပြပေးထားပါတယ်။ကလေးသဘာဝဟာ လေ့လာစူးစမ်းချင်တဲ့

သဘောရှိတက်ပုံကိုမိဘတွေမေ့နေမှာစိုးလို့ လည်းဖော်ပြပေးထားတာဖြစ်ပါတယ်။ပြီးတော့ မြန်မာလူမျိုး

တို့ ဆွဲကိုင်လာတဲ့ အကြောက်တရားနဲ့ အခြောက်တရားပဲဖြစ်ပါတယ်။ကလေးတွေကပိုးစုန်းကြူးကောင်

လေးတွေကိုသွားဖမ်းရင် -ဟဲ့ကလေးတွေသွားမဖမ်းနဲ့  သရဲထွန်းပေးထားတာ သရဲကိုက်လိမ့်မယ်၊စလောင်း

ဖုံးမတီးနဲ့  ကျားကိုက်လိမ့်မယ်၊ညဘက် ခြေသည်း လက်သည်းတွေမညှပ်နဲ့  လာဘ်ပိတ်တက်တယ်စသည်

ဖြင့်နေရာတကာမှာအကြောက်တရားအခြောက်တရားတွေတော်တော်လွှမ်းမိုးထားပါတယ်။ပိုးစုန်းကြူး

ကောင်ကိုသွားဖမ်းရင်မြွေအန္တရာယ်ရှိတယ်၊ဘေးအန္တရာယ်မဖြစ်အောင်ဘယ်လိုသွားရတယ်ဆိုတာကို

မရှင်းပြဘဲနဲ့ သရဲကိုက်လိမ့်ဆိုတာကြီးနဲ့ ခြောက်တော့မြန်မာလူမျိုးတော်တော်များများဟာသရဲဆိုတာဘာ

မှန်းမသိပေမဲ့သရဲတော်တော်ကြောက်တဲ့လူတွေများတာကိုတွေရပါတယ်။စလောင်းဖုံး(အိုးဖုံး)တွေကိုတီးရင်

ကွဲတက်ပိန်တက်ပျက်ဆီးတက်တာကိုသင်မပြဘဲ ဘာမှမဟုတ်တဲ့ကျားကိုက်လိမ့်မယ်ဆိုတာကြီးနဲ့ ခြောက်

ကျားဆိုတာဘာမှန်းမသိဘဲကျားတော်တော်ကြောက်နေတာတွေကိုတွေ့ ရပါတယ်။ညလက်သည်းညှပ်ရင် ဟိုတုန်းကအခုလိုလက်သည်းညှပ်မပေါ်သေးတော့ဓါးနဲ့ လှီးရတာဖြစ်တယ်။ညဘက်ဖယောင်းတိုင်မီး မီးခွက်မီးနဲ့ မို့ မမြင်မစမ်းဖြစ်ပြီးအသားလှီးမိမည်။အသားလှီးမိလို့ ကလေးငိုရင်မိမိချော့ရမှာစိုးတာနဲ့ ဘာမှ

သေသေချာချာမရှင်းပြဘဲမလုပ်ရင်ပြီးရေဆိုပြီးအကြောက်တရားနဲ့ ကြောက်နေအောင်လုပ်ထားလိုက်ပါ

တယ်။

ဒါကြောင့်မြန်မာလူမျိုးတော်တော်များများရဲ့ ရင်ထဲမှာ အခြောက်တရားတွေကိုငယ်ငယ်တည်း

ကအထည့်ခံထားရတော့ အကြောက်တရားဟာတော်တော်လေးအမြစ်တွယ်နေကြပါတယ်။ဒီအခြောက်တ

ရားတွေအကြောက်တရားတွေကမြန်မာလူမျိုးတွေဆီမှာအရိုးစွဲနေကြတဲ့ဓလေ့ထုံးဆံကြီးတစ်ခုဖြစ်နေတာကို

ပေါ်လွင်အောင် ခရားဆူးခြုံဟိုအထဲကမျော့နက်မဲကြီးတွယ်လိမ့်မယ် ဆိုပြီးသီကုံးစပ်ပြထားပါတယ်။ဒါ

ခြောက်တက်တဲ့အလေ့သဘာဝကို မျော့နက်မဲကြီးနဲ့ မစူးစမ်းရဲအောင် မစွန့် စားရဲအောင် ကြောက်သွား

အောင် ပိတ်ပင်ထားတာဖြစ်ပါတယ်။

အဲ့ဒီလိုခြောက်ကြလို့  ကလေးငယ်တွေကြောက်သွားရင် မစဉ်းစားရဲတော့မှာ မစွန့် စားရဲတော့မှာ

ကိုဆရာကြီးကသိပ်စိုးရိမ်ပါတယ်။ဘာလို့ လဲဆိုတော့ကလေးငယ်တွေဟာအနာဂတ်ရဲ့ သားကောင်းတွေဖြစ်

ပါတယ်။ကလေးတွေဘဝညံ့ရင်ကျနော်တို့ နိုင်ငံတော်ကြီးဆက်ပြီးညံ့နေမှာဖြစ်ပါတယ်။ကလေးတွေကထက် ထက်မြတ်မြတ်ရှိကြတယ်။စူးစမ်းရှာဖွေကြတယ်။မကြောက်တက်ဘူး။မိမိလုပ်ချင်ရာကိုသတ္တိရှိရှိ လုပ်ကိုင်ဖြေရှင်းရဲတယ်ဆိုရင်ကျနော်တို့ တိုင်းပြည်ကြီးဟာ ဧကန်မုချကမ္ဘာ့အလယ်မှာဂုဏ်ယူဝင့်ကြွားနိုင်ပါလိမ့်မယ်။ဒါကို ကောင်းကောင်းကြီ

ကျွမ်းကျင်လိမ္မာတဲ့ဆရာကြီးဟာ အဲ့ဒိလို ကလေးတွေရဲ့ ရင်ထဲကိုအကြောက်တရားတွေ အခြောက်တရား

တွေဝင်မသွားအောင်၊မိမိလုပ်ချင်ရာကိုသတ္တိရှိရှိထက်ထက်မြတ်မြတ်လုပ်ရဲကိုင်ရဲအောင် အားမာန်အပြည့်

ထည့်ပေးထားပါတယ်။မျော့နက်ဆိုတာချိုနဲ့ လားကွဲ့ မြွေနဂါးတောင်မကြောက်ဘူးကွယ် ၊မျော့ဆိုတာမပြော

နဲ့ မြွေနဂါးလိုအကောင်ကြီးတွေကိုတောင်မကြောက်ဘူးဆိုပြီးအားမာန်တွေအပြည့်ထည့်ပေးထားပါတယ်။

ဒို့ လည်းကြောက်ပေါင်အတူသွားလို့  အုန်းလက်နွားလေးထားခဲ့မယ်။နေ့ တိုင်းအုန်းလက်နွားလေးနဲ့ ပဲက

စားနေရင်အုန်းလက်နွားလေးအကြောင်းပဲသိမယ်။တခြားသပြေသီးကောက်တာလိုစွန့် စားရပုံ၊ဒီလိုသပြေ

သီးမှည့်တွေကိုစားရပုံ စသည့်စွန့် စားမှုရဲ့ ရလာဘ်တွေကိုသူတို့သိအောင်ဖြစ်ပါတယ်။အုန်းလက်နွားလေး

အကြောင်းသိရုံနဲ့ ဘဝဟာမပြည့်စုံပါဘူး။ကလေးငယ်တွေရဲ့ ရင်ထဲကိုကြောက်စိတ်ထည့်ပေးခြင်းဟာ အနာ

ဂတ်ကိုမြေမြုပ်သဂြိုဟ်လိုက်ခြင်းပဲလို့ ဆရာမောင်သစ်ဆင်းက ကလေးတို့ ကြောက်စိတ် ဆိုတဲ့ စာအုပ်မှာဖော်ပြထားပါတယ်။ယနေ့ မြန်မာနိုင်ငံအတွင်းမှာအကြောက်တရားတွေလွှမ်းမိုးနေတာဟာ ကလေးဘဝအရွယ်မှာအခြောက်တရားတွေအကြောက်တရားတွေရင်ထဲကိုအထည့်ခံခဲ့ကြရလို့ ဖြစ်ပါတယ်။ကလေးငယ်တွေကိုလူမှန်းသိတက်စအရွယ်ကတည်းကစပြီးခြောက်တယ်။လှမ့်တယ်။
သရဲကြီးကိုက်လိမ့်မယ်။ကြောင်ပါးကြီးကိုက်လိမ့်မယ်။ကလေးငိုနေတာနဲ့  ဘုန်းကြီးတပါးရောက်တာနဲ
့ကြုံရင်တိက်တိက်နေဘုန်းကြီးရိုက်လိမ့်မယ်ဆိုတဲ့အခြောက်တရားတွေဟာမကောင်းပါဘူး။
အမတန်နှလုံးသားနုနယ်တဲ့ကလေးငယ်တွေရဲ့ရင်ထဲကိုအကြောက်တရားတွေကိုသွတ်သွင်း
နေခြင်းဖြစ်ပါတယ်။မိဘတွေဟာ သားသမီးတွေကိုဆုံးမတဲ့နေရာမှာလဲနည်းမှန်လမ်းမှန်နဲ့ မဆုံးမဘဲ မိမိဒေါသဖြစ်နေတာနဲ့ ကြုံရင် အပြစ်ကဘာမှမဆိုစလောက်သေးသေးလေးဖြစ်ပေမဲ့ ဒေါသကြီးရင်ကြီးသလောက်အပြစ်ဟာကြီးသွားပါ

တယ်။အလွန်အပြစ်ကြီးပေမဲ့မိမိစိတ်ကောင်း

နေတဲ့အချိန်ဆိုရင်တော့ဘာမှမဖြစ်တော့ဘူး။အရေးမယူတော့ပါဘူး။ဒါဟာမိမိရင်သွေးငယ်တွေကိုဖျက်ဆီး

နေကြတာဖြစ်ပါတယ်။မိမိရင်သွေးငယ်တွေကိုဆုံးမလို့ မရဘူးဟုပြေနေတာဟာမိမိကိုယ်ကိုလူညံ့တစ်

ယောက်ဖြစ်ကြောင်းဖေါ်ပြနေပြီးသားပြစ်နေပါတယ်။ဒါကိုကောင်းကောင်းကြီးသဘောပေါက်ဖို့ လိုပါ

တယ်။

ကလေးငယ်တွေ စာသင်ကျောင်းရောက်ပြန်တော့လည်းဆက်ပြီးအခြောက်တွေအရိုက်တွေ

ခံရပြန်ပါတယ်။ဆရာကသူ့ အိမ်မှာအဆင်မပြေ ဒေါသဖြင်ခဲ့တဲ့နေ့ ဆိုရင်ကျောင်းသားတွေပိုပြီးအရိုက်ခံ

ရပါတယ်။ဆရာဒေါသကြီးနေတဲ့အချိန်ဆိုရင်သေးငယ်တဲ့အပြစ်ကကြီးမားပြီးဆရာစိတ်ကောင်းဝင်နေ

တဲ့အချိန်ဆိုရင်တော့အမတန်ကြီးမားတဲ့အပြစ်ကလည်းသေးငယ်သွားတက်တာမို့ ကလေးငယ်ရဲ့ အပြစ်

အကြီးအသေးအလေးအပေါ့ဟာဆရာရဲ့ ဒေါသဖြစ်ချိန်ဟုတ်မဟုတ်ဆိုတာနဲ့တိုင်းတာနေရပါတယ်။ဒါတွေ

ဟာ လုံးဝမကောင်းပါဘူး။တိုင်းပြည်အတွက်သားကောင်းရတနာတွေဖြစ်မဲ့ကျောင်းသားလေးတွေဟာဆရာ

ရဲ့ ကြိမ်လုံးရိုက်ချက်ကိုကြောက်တာနဲ့ ပဲကျောင်းထွက်လိုက်ရတဲ့ ကျောင်းသားတွေလဲမနည်းတော့ပါဘူး။

ကျောင်းသားတစ်ယောက်ရဲ့ တန်ဖိုးဟာဖော်မပြနိုင်လောက်အောင်ကြီးမားပါတယ်။ဗိုလ်ချုပ်အောင်ဆန်းတို့ 

လိုအမျိုးသားရေးခေါင်းဆောင်ကြီးတွေမဖြစ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ဦးသန့် တို့ လိုကမ္ဘာကုလသမဂ္ဂရုံး

မှာအတွင်းရေးမှူးတာဝန်ထန်းပြီးတော့နိုင်ငံဂုဏ်ကိုမြှင့်တင်နိုင်တဲ့သူတွေမဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ဗိုလ်ချုပ်အောင်ဆန်းတို့ ၊ဦးသန့် တို့ ၊မြန်မာစာပေဖခင်ကြီးမင်းသုဝဏ်တို့ ဟာဒီလိုကျောင်းသားလူငယ်

လေးတွေဘဝတွေကနေစခဲ့မွေးမြူခဲ့ကြရတာဖြစ်ပါတယ်။ဒါကိုငါဆီရောက်လာရင် ငါပိုင်တယ်။ငါခိုင်းသလို

လုပ်ရမယ်။ထားရနေစေရာသွားဖြစ်ရမယ်။မိမိအကြိုက်နဲ့ မကိုက်ရင်ရိုက်ပြစ်ဆိုတာတွေဟာမိမိကိုယ်တိုင်

အာဏာရှင်ကြီးတွေဖြစ်မှန်းမသိ ဖြစ်နေကြပါတယ်။မိမိရင်ထဲမှာရှိနေတဲ့အကျင့်မှိုင်းတွေကိုအရင်ခွါချနိုင်ရ

ပါမယ်။

ကျောင်းသားငယ်တွေရဲ့ ဘဝဟာအမတန်သနားစရာကောင်းလှပါတယ်။စာသင်ကျောင်းကနေ

ဘုန်းကြီးကျောင်းရောက်ပြန်တော့လည်း ထိုနည်း၎င်း ပါပဲ။ကျောင်းထိုင်ဘုန်းကြီးတွေတိုက်အုပ်ဘုန်းကြီး

တွေစာချဘုန်းကြီးတွေရဲ့ လက်စွမ်းပြမှုကိုခံကြရပြန်ပါတယ်။တချို့ ကိုရင်များဆိုရင်သူတို့ ဆီးထားတဲ့ဖိနပ်

တွေနဲ့ ပါးတွေနားတွေအရိုက်ခံရလို့ နားတွေပါပျက်ဆီးသွာရတာမနည်းပါဘူး။ဘာမှအပြစ်မဟုတ်ဘဲသူတို့ 

မကြိုက်လို့ နှင်ထုတ်တာနဲ့ ကျောင်းကထွက်သွားရပြီးပျက်ဆီးသွားရတဲ့ ကိုရင်တွေလည်းမနည်းပါဘူး။

ဒါတွေဟာတကယ်တော့မိမိတို့ ရဲ့ အဆင့်အတန်းနိမ့်ပုံတွေနိုင်ငံတကာစံတွေနဲ့ အညီလေ့လာပြီးအုပ်ချုပ်ရမှာတွေ၊မြတ်စွာဘုရားရှင်ကိုယ်တိုင်ကမေတ္တာတရားနဲ့ လိမ္မာအောင်ဆုံးမပြခဲ့ တာအထင်အရှားရှိပါလျှက်မိမိ

ကိုယ်တိုင်အာဏာရှင်ဆန်ပြီးကလေးတွေရဲ့ ရင်ထဲကိုအကြောက်တရားတွေထည့်ပေးနေကြတာဟာ မြန်မာ

နိုင်ငံရဲ့ အနာဂတ်ကံကြမ္မာကိုဝိုင်းပြီးဖျက်ဆီးပြစ်ရာရောက်နေပါတယ်။

ဒီအချင်းအရာဆိုးတွေကိုမမြင်လိုမကြားလိုရှောင်ရှားကြစေလိုတဲ့ဆရာကြီးမင်းသုဝဏ်ဟာမြန်

မာနိုင်ငံကြီးပျက်ဆီးနေတဲ့ယိုယွင်းနေတဲ့ဘေးကနေကင်းဝေးနိုင်ကြပါစေ၊မိမိတို့ ရဲ့ အမှားတွေကိုပြင်နိုင်ပြီး

ကလေးငယ်တွေကိုဝိုင်းဝန်းပြုစုနိုင်ကြပါစေ၊အခြောက်တရားအကြောက်တရားတွေဘေးမှကင်းဝေးကြပါစေ

ဆိုပြီးဒီဝါဆိုဝါခေါင်ကဗျာလေးကိုရေးသားသီကုံးဖေါ်ပြခဲ့ခြင်းဖြစ်တာမို့  ဒီကဗျာလေးဟာကျနော့်အတွက်

ထာဝရမမေ့နိုင်တဲ့ကဗျာလေးဖြစ်တာမို့ဒီကဗျာလေးကိုအမြဲတမ်းကလေးတွေကိုသင်ပြရှင်းပြပေးရင်းဆရာ

ကြီးရဲ့ဂုဏ်ကျေးဇူးကိုအမြဲတန်းသတိရမှတ်မိနေပါတယ်။





ဆရာကြီးမင်းသုဝဏ် နှစ်တစ်ရာပြည့်အထိမ်းအမှတ်ကိုပူဇော်သောအားဖြင့်--------

ဆရာကြီးရဲ့ ဂုဏ်ကျေးဇူးကိုအမြဲအမှတ်ရနိုင်ကြပါစေသတည်း။

မင်းသုည ကွမ်းခြံကုန်း


Read More...