ကျနော်ကို အမေးချင်ဆုံးမေးခွန်းတစ်ခုမေးပါဆိုရင် တော်လှန်ရေးကြီးဘာကြောင့် မအောင်မြင်ရသေးတာလဲ ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်၊၊ ဒီမေးခွန်းကို ကျနော်တွေ့တဲ့သူတိုင်းကို မေးခဲ့သလို ကျနော်ကိုယ်တိုင်လည်း အမေးခံခဲ့ရဘူးတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ စာဖတ်သူများလည်း ကျနော်နည်းတူ အမေးခံခဲ့ရဘူးမယ်ထင်ပါ တယ်။ ဒီမေးခွန်းကို ကျနော့်ကိုယ် ကျနော်လည်း ပြန်မေးဖူးပါတယ်။ ဟုတ်ကဲ့ အဖြေအမျိုးမျိုးထွက်ပါလိမ့်မယ်။ ကြိုက်သလိုဖြေနိုင်ကြပါတယ်။ဒါပေမဲ့ အဖြေမှန်ဖို့လိုပါတယ်။ ပုစ္ဆာတစ်ပုဒ်ဟာအဖြေမရမချင်းတန်ဖိုးမထွက်ပါဘူး ပုစ္ဆာတိုင်းလဲမတူကြပါဘူး။ အမေးရှိရင်အဖြေရှိရမယ်ဆိုပေမဲ့ အဲဒီအဖြေဟာမှန်ကန်တိကျဖို့လိုပါတယ်။ တချို့ပုစ္ဆာတိုင်းဟာပါးစပ်ကဖြေလိုက်ရုံပြီးပေမဲ့ တချို့ပုစ္ဆာဟာတကယ်လက်တွေ့ချတွက်၊ တစ်ခုချင်းဖြေရှင်းချုက် ထုတ်သွားပြီး တကယ်လက်တွေ့လုပ်ဆောင်ဖြေပြမှအမှန်ရမယ့်ပုစ္ဆာဖြစ်ပါတယ်။ ဒီပုစ္ဆာဟာအခုမှပေါ်တဲ့ပုစ္ဆာ မဟုတ်ပါဘူး ဟိုးရှေ့ခေတ်အဆက်ဆက်ကပေါ်ခဲ့တဲ့ပုစ္ဆာဖြစ်ပါတယ်။ ဒီပုစ္ဆာကိုခေတ်အဆက်ဆက်ကဖြေခဲ့ကြပါတယ် ဖြေနိုင်တဲ့သူများရှိသလိုမဖြေနိုင်တဲ့သူများလဲရှိခဲကြပါတယ်။
ဟုတ်ကဲ့ဟိုးရှေ့ခေတ်ကျနော်တို့လှမ်းမမြင်နိုင်တဲ့ခေတ်ကိုကျတော်မပြောလိုတော့ပါဘူး ကျတော်တို့လှမ်းမြင်နိုင်တဲ့ဗိုလ်ချုပ်အောင်ဆန်းတို့ကိုတိုင်ဒီမေးခွန်းကိုလက်တွေ့ဖြေလက်တွေ့အောင်မြင်ခဲ့ တယ်ဆိုတာကို ပြန်ကြည့်ပြီးဖြေရမယ်။ သချာင်္ပုစ္ဆာများမှာလည်းထိုနည်း၎င်းပဲ ရှေ့လူများတွုက်ပေးခဲ့တဲ့နည်းစနစ် များပေါ်မှာမှီပြီးချဲ့ထွင်ထွက်ကြရတယ်။ ဒါမှအဖြေမှန်ရနိုင်ပါတယ် ဒီလိုမဟုတ်ပဲငါသိငါတက်လုပ်ကာ ဘယ်အဖြေမှနည်းမှီစရာမလိုဘူးငါအဖြေနဲ့င်ါသွားမယ်ဆိုရင် အဖြေမှန်မရဘဲဝေးသည်ထက်ဝေးနေကြအုံးမှာဖြစ် ပါတယ်။
ဒီပုစ္ဆာဟာအခက်ခဲဆုံးပုစ္ဆာဖြစ်သလို တဦးတစ်ယောက်ထဲနဲ့လဲဖြေလို့ရတဲ့ပုစ္ဆာမဟုတ်ပါဘူး တစ်ဖွဲ့ နှစ်ဖွဲ့ သုံးလေးဖွဲ့နဲ့လည်းဖြေလို့ရတဲ့ပုစ္ဆာမဟုတ်ပါဘူး ဒါကိုနားမလည်ပဲငါဖြေနေတာပဲ ငါ့အဖွဲ့ဖြေနေတာပဲဆိုပြီး ဆက်သွားနေရင်ဒီအဖြေဟာအမှန်နဲ့ဝေးနေအုံးမှာဖြစ့်ပါတယ် ဒီအဖြေဟာဗိုလ်ချုပ်အောင်ဆန်းတို့လက်ထက်မှာ အဖြေမှန်ရခဲ့ပြီးပြီ။သူတို့ဘာကြောင့်အဖြေမှန်ရခဲ့တာလဲ…?ကျနော်တို့ဘာကြောင့်အဖြေမှန်မရကြသေးတာလဲ……? ဒါကိုသေချာစဉ်းစားအဖြေထုတ်ဖို့လိုပါတယ်။ ဆင်ခြေကန်တဲ့အဖြေမျိုးကိုကျနော်မကြားလိုပါ။ တချို့ကဒီအစိုးရ ဟာအင်္ဂလိပ်၊ ဂျန်ပန် တိုင်းတပါးအာဏာရှင်ထက်ဆိုးတယ် ဒါကြောင့်မို့ ဒို့မအောင်မြင်တာဆိုပြီးဆင်ချေပေး ကြတယ်။
ဟုတ်ကဲ့တိုင်းတပါးသားအင်္ဂလိပ်၊ ဂျန်ပန်ထက်ဆိုးတယ်ဆိုရင်အဲဒီကာလထက်ပိုပြီးအားမထုတ်သင့်ဘူး လား….? အဲဒီကာလကတော်လုန်ရေးသမားများထက်ပိုပြီးအားထုပ်တာကိုမပြောနဲ့ သူတို့အားထုတ်ကြတာနဲ့ နိုင်းယုဉ်ရင်အပုံတစ်ရာပုံတစ်ပုံတောင်ရှိမယ်မထင်သေးပါ။သူတို့လက်ထက်သမိုင်းများကိုပြန်လေ့လာကြည့်ကြပါ သူတို့ခေတ်ကလူတိုင်းလိုလို ဒီမေးခွန်းကိုမေးကြသလို လူတိုင်းလိုလိုဒီမေးခွန်းကိုဖြေနေကြပါတယ်။ အခုကျန်တော်တို့နိုင်ငံမှာဘယ်နှစ်ယောက်မေး၍ဘယ်နှစ်ယောက်ဖြေနေကြပါသနည်း..? ဒီမေးခွန်းကို တကယ်မေးပြီး တကယ်ဖြေခဲ့ကြ ထောင်ဒဏ်တွေ (၁၀၄)နှစ်၊ (၆၈)နှစ်၊ (၃၅)နှစ် စသည်ဖြင့် အနှိပ်စက် အညှင်းဆဲ ခံပြီး ဖြေနေကြချိန်မှာ အခုထက်ထိ မြန်မာလူမျိုးအများစုဟာ ဒီပု စ္ဆာကို ကိုယ်နှင့်မဆိုင်သလို မေ့မေ့ပျောက်ပျောက် နေကြတာဟာ အလွန်ဝမ်းနည်းစရာ စက်စုပ်ရွံရှာစရာ ကောင်းလှပါတယ်။ သူများတွေတိုင်းပြည်အတွက် ဒီမေးခွန်းကို တကယ်မေးပြီး တကယ်ဖြေနေတဲ့ အချိန်မှာ - ယနေ့ မြန်မာလူမျိုးအချင်းချင်း တွေ့ရင် ဘာတွေမေးနေကြတာလဲ..? “ဟေ့ကောင် ဘာဂဏန်းရလဲ..? ထိတ်စီးကဘာလဲ..? ဘောလုံးပွဲ ဘယ်လိုပြီးသွားလဲ..? ဟိုနေ့က အာဝါဒေးပွဲမှာ ဘယ်လောက် ရလိုက်လဲ..?“ ဆိုတဲ့ အင်မတန်အောက်တန်းကျတဲ့ မေးခွန်းတွေကို မေး အဲဒီမေးခွန်းတွေကို အဟုတ်ကြီးမှတ်ပြီး မြိန်ရည် ရှက်ရည်နဲ့ အရှက်မဲ့စွာမေးကြ ဖြေကြ လုပ်နေကြတာဟာ အင်မတန် အော့နှလုံးနာစရာကောင်းလှပါတယ်။ တကယ်ကိုးကွယ်နေကြတာက ကမ္ဘာ့အဆင့်အတန်း အမြင့်ဆုံး ဆိုတဲ့ ဗုဒ္ဓကို ဒါပေမယ့် လုပ်နေကြတဲ့ လုပ်ရပ်တွေက ကမ္ဘာမှာအောက်တန်းအကျဆုံး အဆင့်အနိမ့် ဆုံးဆိုတဲ့ လုပ်ရပ်တွေ ။ ဒီနိုင်ငံ ကမ္ဘာ့ အဆင့်အနိမ့်ဆုံး အဆင်းရဲဆုံး အချာဆုံး နိုင်ငံထဲမပါလို့ ဘယ်နိုင်ငံပါရအုံးမှာလဲ။ မိမိကိုယ်ကို မညာတမ်း မလိမ်တမ်း ပြန်မေးကြပါ။ မိမိတို့ လုပ်ရပ်ဟာ မိမိတို့ကိုးကွယ်တဲ့ အဆင့်အတန်းမြင့်တဲ့ ဗုဒ္ဓခွင့်ပြုတဲ့ လုပ်ရပ်တွေဟုတ်ရဲ့လား ဆိုတာကို သေသေချာချာ ပြန်မေးကြပါ။ အဆင့်အတန်းမြင့်တဲ့ဗုဒ္ဓကဘယ် တော့မှခွင့်မပြုပါဘူး။ ဒါကိုပိဋကက်ကျမ်းစာတွေမှာ အထင်အရှားဟောတာတွေအများကြီးရှိပါတာယ်။
န.အ.ဖ စစ်အာဏာရှင်လူယုတ်မာဗိုလ်ကြီးများက သူတို့ယုတ်မာချင်တိုင်းယုတ်မာလို့ရအောင်အားလုံး စစ်ကျွှန်ဘ၀ရောက် ဒုက္ခတွေရောက်နေကျတာကိုမေ့အောင်အချင်းချင်းလောင်းကစားတွေလုပ်တော့မတဲ့ကြ - ကွဲကြ ပြဲကြတဲ့အချိုန် သူတို့ရဲ့လက်ကိုင်ဒုတ်ရဲတွေ စုံထောက်တွေအတွက် ပိုပြီးဂုတ်သွေးစုပ်နိုင်အောင် လှည့်ကွက်ဖန်ပြီးတရားဝင် ခွင့်ပြုထားခြင်းဖြစ်ပါတယ် ။ အဆင့်အတန်း မြင့်တဲ့ မိမိ ကိုးကွယ်တဲ့ ဗုဒ္ဓဘုရားက ခွင့်မပြုဘဲ ပိတ်ပင်ထားတဲ့ စကားတော့နားမထောင်ပဲ ကမ္ဘာမှာအဆင့်အတန်းမရှိ၊ လူစာရင်းမဝင်တဲ့ စစ်အာဏာရှင်တွေက တရားဝင်ခွင့်ပြုထားတာကို လုပ်နေကြရင် မိမိတို့ရဲ့အဆင့်အတန်းဟာ ကြာလေနိမ့်လေမို့ ဒီထက်နိမ့်ရင် အောက်မှာ အဝိစိ ငရဲပဲ ရှိပါတော့တယ်။ ကျနော် တော်တော်များများကို ပြောဘူးပါတယ်။ ဒို့နိုင်ငံက ပြည်သူတွေ သူတို့အခုလုပ်နေကြတဲ့ နှစ်လုံး သုံးလုံး ချဲတို့ ဘောတို့ လောင်းကစားလုပ်သလောက်ပဲ နိုင်ငံတော်လှန်ရေးမှာ ပါဝင်ပြီးတော့လုပ်လို့ ယနေ့တော်လှန်ရေးကြီးအောင်မြင်ပြီလို့ ဒီပုစ္ဆာအဖြေရပြီလို့ ဘာလို့လဲဆိုတော့ တကယ်မေးရမှာက တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် မေးရမှာက “တော်လှန်ရေးကြီး ဘာကြောင့်မအောင်မြင်သေးတာလဲ?” “တော်လှန်ရေးကြီး အောင်မြင်အောင် ဘယ်လိုလုပ်ကြမလဲ” “တော်လှန်ရေးကြီးအောင်မြင်ရေးမှာ ငါအခုပါဝင်ဆောင်ရွက်နေပြီလား” ငါအခုဘာလုပ်နေသလဲ။ နအဖ စစ်အာဏာရှင်တွေ လှည့်စားထားတဲ့ လောင်းကစားနဲ့ဘဲ အချိန်ကုန်နေလား? နအဖ တွေလှည့်စားထားတဲ့ ဆင်းရဲမွဲတေနေရင် တော်လှန်ရေးထဲ မပါဝင်နိုင်ဘူး ဆင်းရဲမွဲတေပြီး အလုပ်ထဲပဲလုပ်ပြီး နိုင်ငံရေးဟာငါနဲ့ မဆိုင် ဆိုပြီးနေကြစေဆိုတဲ့ လှည့်ကွက်ထဲမှာပဲ ဆက်လျှောက်နေဆဲလား? နအဖ စစ်အာဏာရှင်တွေနဲ့ပေါင်းရင် ချမ်းသာတယ် ရာထူးရတယ် အာဏာရတယ် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး လူ့အန္ဓ လူ့ဗာလ တကိုယ်ကောင်းဆန် လူယုတ်မာအုပ်စုတွေထဲမှာ မျောပြီး ဆက်လျှောက်နေကြသလား? ငါတို့တော့ ထောင်ကျပြီးပြီ တိုင်းပြည်အတွက်အလုပ်တွေလုပ်ခဲ့ပြီးပြီ မလုပ်ရသေးသူတွေ သူတို့ဆက်လုပ်ကြလိမ့်မယ်ဆိုပြီး မလုပ်တော့ဘဲ ထိုင်စားနေကြတဲ့ အုပ်စုထဲ ယောင်ချာချာနဲ့ ဆက်မျောနေကြမှာလား? ဒါတွေဟာ တကယ်မေးကြ ရမဲ့ ဖြေကြရမယ့် မေးခွန်းတွေဖြစ်ပါတယ်။
အင်္ဂလိပ် ဂျပန်တွေလက်ထက်မှာလဲ လူအနည်းစုသာဖြေခဲ့ကြချိန်မှာ မအောင်မြင်သေးပါဘူး။ တဖြေးဖြေးအရှိန်မြှင့်ကာ YMBA ဘာသာရေးအသင်းကြီးတွေ GCBA အသင်းကြီးတွေ ဒို့ဗမာအစည်းအရုံး အသင်းကြီး တွေ အမျိုးသမီး ကုမ္မာရီ အသင်းကြီးတွေ စသည့် လူထုအစည်းအရုံးအသင်းတွေ အများကြီးရှိပါတယ်။
ယနေ့ဘယ်လောက်တည်ထောင်ကြပြီးပြီလဲ။ ကိုယ့်လူထုအင်အား တိုင်းပြည်ထဲမှာ ဘယ်လောက်ရှိပါ သလဲ။? မိမိခိုင်းတာလေးကို အယောက်၂၀၊ ၃၀ လောက်လိုက်လုပ်တာလောက်နဲ့ ကျေနပ်ပြီး မြန်မာ့တော်လှန်ရေးကြီး အောင်မြင်မယ်လို့ထင်ပါသလား?
အဲဒီလောက်နဲ့ကျေနပ်နေရင် ဘယ်တော့မှမအောင်မြင်ပါ။တော်လှန်ရေးကြီးအောင်မြင်ရေးဟာ တတိုင်းပြည်လုံးရဲ့ အရေးဖြစ်သည့်အတွက်ကြောင့် တတိုင်းပြည်လုံး လှည်း နေ လှေ အောင်း မြင်းစောင်းမကျန် ပါဝင်လာအောင် စည်းရုံးသိမ်းသွင်းပြီး နည်းလမ်းတွေပေးဖို့လိုပါတယ်။ယနေ့ပြည်တွင်းမှာနိုင်ငံရေးကို တော်တော်များများလုပ်ချင်နေကြသူတွေရှိပါတယ်။ဒါပေမဲ့ သူတို့ကိုနည်းပေးလမ်းပြမဲ့သူ ဘယ်လိုလုပ်ရမယ်ဆိုတာကိုသူအဆင့်နဲ့သူ ကိုက်ညီအောင်ညွှန်ပြနိုင်မဲ့သူ ပြီးတော့ဆက်သွယ်ရမဲ့သူ ဒါတွေကိုသူတို့မသိတာနဲ့ဘဲ သူတို့ဟာနိုင်ငံရေးနဲ့အလှမ်းဝေးနေကြရတာဖြစ်ပါတယ်။
မိမိလူတွေကို ကျေးရွာ မြို့နယ် တိုင်း ပြည်နယ် အသီးသီးမှာဖွဲ့စည်းတည်ထောင်နိုင်ရပါမယ်။ မိမိတို့အဖွဲ့အစည်းများကို ပုံသဏာန်မျိုးစုံနဲ့ဖွဲ့စည်းတည်ထောင်ထားရပါမယ်။
ဥပမာ ဆေးလိပ်သောက်သုံးမှုလျှော့ချရေးအသင်း မူးယစ်ဆေးဝါးသောက်သုံးမှုလျော့ချရေးအသင်း သစ်ပင်စိုက်ပျိုးရေးအသင်း စသည်ဖြင့် အသင်းပေါင်းမြောက်များစွာ နေရာအနံ့အပြားမှာ တည်ထောင်ကြရပါမယ်။ပြီးတော့ စာပေ၀ိုင်းတွေ စာကြည့်တိုက်တွေ ဘာသာဘေဒသင်တန်းတွေကိုနေရာအနံ့အပြားမှာ ဖွင့်လှစ်တည်ထောင်ရပါမယ်။
ပြီးတော့ ခေတ်အဆက်ဆက်မှားယွင်းစွာတွေးခေါ်ခဲ့ကြသော ကံရှိလို့ခံရတာ သူကံနဲ့သူသွားလိမ့်မယ် တို့တော်လှန်စရာမလိုဘူး စသည်ဖြင့် မှားယွင်းသောအတွေးအခေါ်ဟောင်းများကို ပြောင်းလဲပေးဖို့လိုပါတယ်။ကံဆိုတာ အလုပ်ကို ခေါ်တာဖြစ်သည့်အတွက် အလုပ်ကောင်းရင်ကံကောင်းပါတယ်။အလုပ်မကောင်းရင် ကံမကောင်းပါဘူး။ကံကောင်းချင်ရင် အလုပ်ကောင်းဖို့ လိုပါတယ်။မြန်မာတစ်မျိုးသားလုံး ချစ်ချစ်ခင်ခင်ဖြင့် စည်လုံးညီညာစွာ တတိုင်းပြည်လုံး နေရာအနံ့အပြားတွင် အဖွဲ့အစည်းများတည်ထောင်ကာ တက်ညီလက်ညီဖြင့် လှည်း နေ လှေ အောင်း မြင်းစောင်းမကျန် ၀ိုင်းဝန်းတွန်းလှန်သော အလုပ်ကြီးကို လုပ်ကြမည်ဆိုလျှင် ကောင်းသောအလုပ် ကမ္မ-ကံကိုပြုလုပ်ခြင်းဖြစ်သောကြောင့် န အ ဖ စစ်ဗိုလ်ချုပ်ကြီးများရဲမတရားနှိပ်စက်နေခြင်းကိုခံနေရသော မကောင်းကံများ ဧကန်မုချလွင့်ပျောက်သွားမှာဖြစ်ပါတယ်။
န အ ဖ ဗိုလ်ချုပ်ကြီးများကို အောင်နိုင်ဖို့မှာ ထိုင်ပြီးဆုတောင်းနေရုံ ဗေဒင်တွေမေးပြီး ယတတြာချေနေရုံ ကုလသမဂ္ဂတွေ အမေရိကတွေကယ်မှာဘဲဆိုပြီးထိုင်စောင့်နေရုံဖြင့် တော်လှန်ရေကြီးမအောင်မြင်နိုင်ပါ။န အ ဖ စစ်ဗိုလ်ချုပ်ကြီးများကိုအပြီးသတ်ခေမှေုန်းနိုင်ဖို့ တော်လှန်ရေးကြီးအဆုံးသတ်အောင်မြင်ဖို့မှာ-မြန်မာတစ်မျိုးသားလုံး ရဟန်းသံဃာ ကျောင်းသား စစ်သား လယ်သမားအလုပ်သမားဝန်ထမ်းပြည်သူအားလုံးဝိုင်းဝန်းပေါင်းစုကာတွန်းလှန်ကြမည်ဆိုလျှင်ဧကန်မုချအောင်ပွဲဝင်မည်ဖြစ်ပါကြောင်းကိုအသိပေးပြောကြားလိုပါသည်။
တာဝန်သိသူတာဝန်ရှိသည် တာဝန်ကိုသူတော်ကောင်း သူမြတ်လောင်း အာဇာနည်တွေသာသိကြသည်
သိသည့်အတိုင်းလည်းကျေပွန်စွာထန်းဆောင်ကြပါသည်။
တာဝန်သိသူတာဝန်ကိုကျေပွန်စွာထန်းဆောင်နိုင်သူသူတော်ကောင်းသူမြတ်လောင်းတွေဖြစ်နိုင်ကြပါ
စေ။
တော်လှန်ရေးသစ္စာဖြင့်
မင်းသုည -ကွမ်းခြံကုန်း
ဗုဒ္ဓတက္ကသိုလ်
Saturday, January 31, 2009
Friday, January 23, 2009
နိုင်ငံတကာ ဆရာများနေ့
(၅-၁၀-၂၀၀၄)အင်္ဂါနေ့
ဒီကနေ့ဟာ နိုင်ငံတကာ
ဆရာများကို ပူဇော်တဲ့နေ့မို့
ဒို့တစ်တွေရဲ့ နေ့ထူးနေု့မြတ်ပေါ့သူုငယ်ချင်း
ဒို့တစ်တွေရဲ့ဘ၀ အခုလိုလှပတင့်တယ်ရအောင်
ပြုစုပျိုးထောင်ပေးခဲ့တာ
ဆရာတွေမဟုတ်ပါလားသူငယ်ချင်း
ဒို့ဆရာသမားတွေက
ဒို့ဘ၀လှအောင်
ပြုစုပျိုးထောင်ပေးခဲ့သလို
ဒို့ရဲ့ တပည့်တွေဘဝ
သာယာလှပအောင်
ဘယ်လိုပြုစုပျိုးထောင်ကြမလဲသူငယ်ချင်း
နိုင်ငံရဲ့ တိုးတက်ရေးမှာ
ဆရာများရဲ့အခန်းကဏ္ဍဟာ
အဓိကကြတယ်ဆိုတာ
အားလုံးအသိမဟုတ်လားသူငယ်ချင်း .....။
ဟိုရှေးအရင် ယခင်ကလို
ဒါရေး ဒါမှတ် ဒါကိုကျက်ရင်
မင်းဘ၀မြတ် အဆင့်တက်လိမ့်မည်လို့ ဇွတ်ရိုက်သင်
ဒါဟာ အသုံးမ၀င်တော့ဘူးသူငယ်ချင်း
ဒို့တစ်တွေရဲ့ အတ္တမာန်မာနများကို ခ၀ါချ
ပူးပေါင်းကာ လက်တွဲယဉ်နွဲကြရင်း
ဒို့တပည့်တွေရဲ့ အနာဂတ်ဘဝ
သာယာလှပ ကမ္ဘာ့အဆင့်မှီကြအောင်
အဆင့်မြင့်နည်းပညာတွေနဲ့
သတိဆောင်၍ သင်နိုင်အောင်ကြိုးစား
နိုးကြားကာစာတွေသင်ပေးရင်း
ဆရာများရဲ့ ကျေးဇူးဂုဏ်အထူးကို
ကျေပွန်အောင်ထမ်းဆောင်ရွက်ကြပါစို့
သူငယ်ချင်း .....။
မင်းသုည ကွမ်းခြံကုန်း
ပြည်းတွင်းမှာနေစဉ်နိုင်ငံတကာဆရာများနေ့၌ဟောပြောဖြန့်ဝေခဲ့သောကဗျာဖြစ်သည်။
ဒီကနေ့ဟာ နိုင်ငံတကာ
ဆရာများကို ပူဇော်တဲ့နေ့မို့
ဒို့တစ်တွေရဲ့ နေ့ထူးနေု့မြတ်ပေါ့သူုငယ်ချင်း
ဒို့တစ်တွေရဲ့ဘ၀ အခုလိုလှပတင့်တယ်ရအောင်
ပြုစုပျိုးထောင်ပေးခဲ့တာ
ဆရာတွေမဟုတ်ပါလားသူငယ်ချင်း
ဒို့ဆရာသမားတွေက
ဒို့ဘ၀လှအောင်
ပြုစုပျိုးထောင်ပေးခဲ့သလို
ဒို့ရဲ့ တပည့်တွေဘဝ
သာယာလှပအောင်
ဘယ်လိုပြုစုပျိုးထောင်ကြမလဲသူငယ်ချင်း
နိုင်ငံရဲ့ တိုးတက်ရေးမှာ
ဆရာများရဲ့အခန်းကဏ္ဍဟာ
အဓိကကြတယ်ဆိုတာ
အားလုံးအသိမဟုတ်လားသူငယ်ချင်း .....။
ဟိုရှေးအရင် ယခင်ကလို
ဒါရေး ဒါမှတ် ဒါကိုကျက်ရင်
မင်းဘ၀မြတ် အဆင့်တက်လိမ့်မည်လို့ ဇွတ်ရိုက်သင်
ဒါဟာ အသုံးမ၀င်တော့ဘူးသူငယ်ချင်း
ဒို့တစ်တွေရဲ့ အတ္တမာန်မာနများကို ခ၀ါချ
ပူးပေါင်းကာ လက်တွဲယဉ်နွဲကြရင်း
ဒို့တပည့်တွေရဲ့ အနာဂတ်ဘဝ
သာယာလှပ ကမ္ဘာ့အဆင့်မှီကြအောင်
အဆင့်မြင့်နည်းပညာတွေနဲ့
သတိဆောင်၍ သင်နိုင်အောင်ကြိုးစား
နိုးကြားကာစာတွေသင်ပေးရင်း
ဆရာများရဲ့ ကျေးဇူးဂုဏ်အထူးကို
ကျေပွန်အောင်ထမ်းဆောင်ရွက်ကြပါစို့
သူငယ်ချင်း .....။
မင်းသုည ကွမ်းခြံကုန်း
ပြည်းတွင်းမှာနေစဉ်နိုင်ငံတကာဆရာများနေ့၌ဟောပြောဖြန့်ဝေခဲ့သောကဗျာဖြစ်သည်။
Wednesday, January 21, 2009
ပညာမြင့်မှလူမျိုးတင့်မည်

ပြည်တွင်းအနှံ့အပြား
ချိတ်ထားဆိုင်းဘုတ်
ဘာမှမဟုတ် တကယ်မလုပ်ရင်
အလုပ်ရှုပ်ရုံရှိလိမ့်မည်
ဆိုင်းဘုတ်သာရှိ
အစီအစဉ်မရှိမို့
မြန်မာပြည်သားလူအများလည်း
ပညာမဲ့များလွန်ထွန်းကား၏။
မြန်မာပြည်သားလူအများကား
မရှိပညာကိုယ်ဗလာမို့
ကိုယ့်ကိုသူသတ် သူ့ကိုယ်သတ်နှင့်
ရက်စက်မှုတွေများလှပြီ။
ခွင့်လွတ်ဖို့ရန် အကြောင်းခံသည့်
ရှိသင့်ပညာ နတ္ထိဗလာမို့
ရောက်လေရာရာရွှေမြန်မာတို့
ဂုဏ်ရောင်တင့်ဝါမရှိပါ
ညှိုးငယ်မျက်နှာနေရရှာ။
မလုပ်မပြီးလုပ်မှပြီးမည့်
ပညာရေးအစီအစဉ်
ဒို့တွက်စဉ်ကာ
စုပေါင်းညီညာ
ဝိုင်းဝန်းကာမှ
ပညာတတ်များလွန်ထားကား၍
ကမ္ဘာ့အလယ်ဂုဏ်တင့်တယ်မည်
ပညာမြင့်မှလူမျိုးတင့်လိမ့်။
မင်းသုည ကွမ်းခြံကုန်း
နှစ်တစ်ရာပြည့်ဦးသန့်မွေးနေ့အမှတ်တရ
Tuesday, January 20, 2009
အစိမ်းရောင်ခြယ်မိမှ အိုဒုက္ခ
ကျွန်တော့်ကျောင်းမှာ
ခွေး လိမ္မာကြီးတစ်ကောင်ရှိ
ဒါကိုအားလုံးသိတယ်၊
သခင်ပြန်လာရင် ကြိုဆိုချင်တဲ့တာဝန်
ခြံစောင့်ရမယ့်တာဝန်
တာဝန်ဆိုအကုန်ကျေပွန်လို့
သူ့ဆိုရင်အားလုံးက ချစ်မြတ်နိုးကြ
သခင်အလိုကျ သူ့အမည်နာမ
ဗိုလ်သုနခတဲ့၊
ဒီလိုနဲ့နေ့တစ်ရက်
မမေ့ရက်စရာ အဖြစ်ကကြုံ
ဗိုလ်သုနခရဲ့ သူ့နဂိုပုံကို
အစိမ်းရောင်ခြယ်မှ ဆိုပြီး
လူတစ်စုက အစမ်းထွင်ကြ
ဒီတော့မှ ဒုက္ခတွေ့ကြ ဗိုလ်သုနခ
အရင်ကကျေခဲ့တဲ့တာဝန်တွေ
လိမ္မာ ခဲ့သမျှ အမူအရာတွေ
ဘာတစ်ခုမှ မတွေ့ကြရ
အားလုံးပြောင်းလဲ ပြသွားလို့
အံ့သြမိကြ၊
အစိမ်းရောင် အခြယ်ခံထားရတဲ့ ဗိုလ်သုနခ
မာန်မာနတွေ ထောင်ကာကြွ
ငါသခင်ကွ ဆိုပြီး
ကျွန်စင်စစ်ကနေ
သခင်ကိုပြန်ကာကိုက်
မိုက်လိုက်တဲ့ ဗိုလ်သုနခ
အစိမ်းရောင်ခြယ်မိမှ
အိုဘယ့် ဒုက္ခ အိုဒုက္ခ
ဗိုလ်သုနခရေအမြန်ကြွ။ သုနခ=ခွေး
မင်းသုည ကွမ်းခြံကုန်း
ခွေး လိမ္မာကြီးတစ်ကောင်ရှိ
ဒါကိုအားလုံးသိတယ်၊
သခင်ပြန်လာရင် ကြိုဆိုချင်တဲ့တာဝန်
ခြံစောင့်ရမယ့်တာဝန်
တာဝန်ဆိုအကုန်ကျေပွန်လို့
သူ့ဆိုရင်အားလုံးက ချစ်မြတ်နိုးကြ
သခင်အလိုကျ သူ့အမည်နာမ
ဗိုလ်သုနခတဲ့၊
ဒီလိုနဲ့နေ့တစ်ရက်
မမေ့ရက်စရာ အဖြစ်ကကြုံ
ဗိုလ်သုနခရဲ့ သူ့နဂိုပုံကို
အစိမ်းရောင်ခြယ်မှ ဆိုပြီး
လူတစ်စုက အစမ်းထွင်ကြ
ဒီတော့မှ ဒုက္ခတွေ့ကြ ဗိုလ်သုနခ
အရင်ကကျေခဲ့တဲ့တာဝန်တွေ
လိမ္မာ ခဲ့သမျှ အမူအရာတွေ
ဘာတစ်ခုမှ မတွေ့ကြရ
အားလုံးပြောင်းလဲ ပြသွားလို့
အံ့သြမိကြ၊
အစိမ်းရောင် အခြယ်ခံထားရတဲ့ ဗိုလ်သုနခ
မာန်မာနတွေ ထောင်ကာကြွ
ငါသခင်ကွ ဆိုပြီး
ကျွန်စင်စစ်ကနေ
သခင်ကိုပြန်ကာကိုက်
မိုက်လိုက်တဲ့ ဗိုလ်သုနခ
အစိမ်းရောင်ခြယ်မိမှ
အိုဘယ့် ဒုက္ခ အိုဒုက္ခ
ဗိုလ်သုနခရေအမြန်ကြွ။ သုနခ=ခွေး
မင်းသုည ကွမ်းခြံကုန်း
Saturday, January 17, 2009
နေ့ထူးနေ့မြတ်

လက်ချိုးလို့တွက်ရေစစ်ရင်
ခရစ်နှစ်က 1945 ခုနှစ်
မွေးတဲ့လက ဂျွန်လတစ်ဆယ့်ကိုး
တကမ္ဘာလုံးက မော်ကွန်းထိုးလို့ မှတ်တမ်းတင်
ငြိမ်းချမ်းရေး နိုဘယ်(လ်) ဆုရှင်
အောင်ဆန်းဆုကြည်သခင်ရဲ့
အသက် (၆၀) ပြည့်
အားလုံးမမေ့နိုင်တဲ့
မွေးနေ့မြတ်ပေါ့သူငယ်ချင်း
ဒေါ်စုပေးတဲ့ ငြိမ်းချမ်းရေးအလင်း
ဒို့ပြည်မှာ လင်းခဲ့လို့
အားလုံးအလင်းရ
တကမ္ဘာလုံးက အသိအမှတ်ပြုကြပြီသူငယ်ချင်း
ဒို့ရဲ့မြန်မာပြည်မှာ
လေးဆယ့်သုံးနှစ်ကြာ
စစ်အာဏာအမှောင်ကျ
အားလုံးကန်းကုန်ကြလို့
လမ်းတွေလည်းပျောက်
ဘယ်လျှောက်ရမှန်းမသိ
ထွက်ရာလမ်းမသိ ဖြေမရှိချိန်
ဒေါ်စုကဦးဆောင်လို့မီးထွန်းပြ
ငြိမ်းချမ်းရေး အလင်းရောင်ရကြလို့
ဒို့တတွေ ညီညွတ်ကြကာ လက်တွဲလျှောက်
ဟောတစ်ယောက် ဟောတစ်ယောက်နဲ့
အာဏာရှင်တွေလည်း တဖြည်းဖြည်းပျောက်သွား
ဒီလိုသာရှေ့ ဆက်သွားကြရင်
ဒို့ရဲ့ပြည်မှာ
အာဏာရှင်မှိုင်းတွေ ကွာကျ
တနေ့ ဒီမိုကရေစီ အမှန်ရမှာမို့
ဒေါ်စုရဲ့ အသက် (၆၀) ပြည့်မွေးနေ့မြတ်မှတည်
အသက်ရာကျော် ရှည်ပါစေကြောင်း
ဒို့တတွေ အားလုံးက
စုပေါင်းလို့ လက်အုပ်ချီ
ဘုရား၊ တရား၊ သံဃာ တွေနား
ချဉ်းကပ်သွားလို့ ကုသိုလ်ပြု
ဒို့ပြုသမျှကောင်းမှု
မွေးနေ့ရှင်ဒေါ်စု
သာဓုခေါ်လို့ အန္တရာယ်တွေကင်း
ဘေးကင်းလို့ ကျန်းမာ
စိတ်ချမ်းသာစွာဖြင့်
ငြိမ်းချမ်းရေးအလင်းတန်း
မြန်မာမက ကမ္ဘာကျအောင်
ထွန်းတောက်နိုင်ပါစေ
တောင်းဆုချွေသည်
ဆုတောင်းတိုင်းသာ ပြည့်ပါစေ။
ဒေါ်အောင်ဆန်းစုကြည်အသက် ၆၀ ပြည့်မွေးနေ့တွင်ပြည်တွင်းမှာရေးစပ်ဖြန့်ဝေခဲ့သောကဗျာဖြစ်သည်။
မင်းသုည ကွမ်းခြံကုန်း
ဗုဒ္ဓတက္ကသိုလ်
ကော်ပီ
ယနေ့ ခေတ်သီချင်းတွေဆိုကြ-ကော်ပီတွေကများပါ့၊
ယနေ့ ခေတ်ဟောပြောနေကြ-ကော်ပီတွေကများပါ့၊
ယနေ့ ခေတ်သရုပ်ဆောင်ကြ-ကော်ပီတွေကများပါ့၊
ကော်ပီသာများများဆို၊ကော်ပီသာများများပြော၊ကောပီသာများများဟော၊
ကော်ပီသာများများသရုပ်ဆောင်၊ပေါချောင်ချောင်နဲ့ နာမည်ကျော်ရစ်၊
လူစင်စစ်ကရုပ်သေးဖြစ်၊
ရာစုနှစ်တွေကအဆင့်ဆင့်ပြောင်း၊မင်းတို့ လိုကော်ပီတွေကဘာမှမပြောင်း၊
ပြောင်းတိုးတက်ရစ်ဖို့ -နည်းလမ်းထွင်ကြ စူးစမ်းကြ၊
လူပီသလို့ တိုးတက်ရ-ဒါဟာသဘာဝ အိုသုခ။
မင်းတို့ လိုကော်ပီတွေ-များများဆို များများရေး၊
များများဟော-များများပြော၊
များများများများ-များများသာသရုပ်ဆောင်၊
ယောင်တောင်တောင်နဲ့ ၊
သူများရဲ့ဦးနှောက်များ-ငှားယူထားလို့ လူနဲ့ မတူ၊
ကော်ပီဆိုသူများမူမို့ စွန့်ပစ်ကြ စွန့် ပြစ်ကြ၊
ဒါဟာသဘာဝ အိုသုခ။
မင်းသုည ကွမ်းခြံကုန်း
ယနေ့ ခေတ်ဟောပြောနေကြ-ကော်ပီတွေကများပါ့၊
ယနေ့ ခေတ်သရုပ်ဆောင်ကြ-ကော်ပီတွေကများပါ့၊
ကော်ပီသာများများဆို၊ကော်ပီသာများများပြော၊ကောပီသာများများဟော၊
ကော်ပီသာများများသရုပ်ဆောင်၊ပေါချောင်ချောင်နဲ့ နာမည်ကျော်ရစ်၊
လူစင်စစ်ကရုပ်သေးဖြစ်၊
ရာစုနှစ်တွေကအဆင့်ဆင့်ပြောင်း၊မင်းတို့ လိုကော်ပီတွေကဘာမှမပြောင်း၊
ပြောင်းတိုးတက်ရစ်ဖို့ -နည်းလမ်းထွင်ကြ စူးစမ်းကြ၊
လူပီသလို့ တိုးတက်ရ-ဒါဟာသဘာဝ အိုသုခ။
မင်းတို့ လိုကော်ပီတွေ-များများဆို များများရေး၊
များများဟော-များများပြော၊
များများများများ-များများသာသရုပ်ဆောင်၊
ယောင်တောင်တောင်နဲ့ ၊
သူများရဲ့ဦးနှောက်များ-ငှားယူထားလို့ လူနဲ့ မတူ၊
ကော်ပီဆိုသူများမူမို့ စွန့်ပစ်ကြ စွန့် ပြစ်ကြ၊
ဒါဟာသဘာဝ အိုသုခ။
မင်းသုည ကွမ်းခြံကုန်း
Wednesday, January 14, 2009
ဓားသွားထက် ကလောင်သွားထက်
မင့်လက်ထဲမှာ ရှိတဲ့လက်နက်
ပစ်သတ်လို့သေရင်
တစ်ဘ၀ တစ်ခဏ ထာဝရမဖြစ်
ဒါပေမယ့် ကလောင်လက်နက်
သူသာရေးသတ်ရင်
တစ်ဘ၀ တစ်ခဏမက
ထာဝရကြွရလိမ့်မယ်
ဓားသွားလက်နက် ဘယ်လောက်ထက်ထက်
ကလောင်လက်နက်ကိုမမှီ
ကလောင်သာ တကယ်ထက်လျှင်
တစ်မျိုးသားလိုး တစ်တိုင်းပြည်လုံး
အဆင့်တွေမြင့်တက်ကုန်ကြလိမ့်မယ်
ဒါကြောင့် ...
မင့်လက်ထဲမှာ ရှိတဲ့ကလောင်
ဘယ်သူတွေ ပြောင်ပြောင်
ဘယ်သူတွေ လှောင်လှောင်
ကလောင်ကို လက်ကကိုင်စွဲ
အပြတ်နွှဲကြစမ်းပါ
ဟိုရှေးအရင် ဟိုယခင်က
အင်္ဂလိပ်အုပ်ချုပ်စဉ်ကပေါ့
စာရေးဆရာများရဲ့ ကလောင်ချက်
အစွမ်းထက်လို့ အာဇာနည်တွေပေါ်ထွက်
စုပေါင်းတိုက်ထုတ်ချက်ကြောင့်
တိုင်းပြည်ရဲ့ လွပ်လပ်ရေး
တကယ်ရယူပေးခဲ့တာ
ကလောင်တွေရဲ့အစွမ်း
အံ့မခန်းစရာပဲ မဟုတ်လား
ဒါကြောင့် ...
မင့်လက်ထဲမှာ ရှိတဲ့ကလောင်
ဘယ်သူတွေပြောင်ပြောင်
မင်းမယောင်နဲ့
တိုင်းပြည်အတွက်
မင့်ရဲ့ ကလောင်အစွမ်းထက်ထက်နဲ့
အပြတ်သာ နွှဲလိုက်စမ်းပါ။
မင်းသုည ကွမ်းခြံကုန်း
ပစ်သတ်လို့သေရင်
တစ်ဘ၀ တစ်ခဏ ထာဝရမဖြစ်
ဒါပေမယ့် ကလောင်လက်နက်
သူသာရေးသတ်ရင်
တစ်ဘ၀ တစ်ခဏမက
ထာဝရကြွရလိမ့်မယ်
ဓားသွားလက်နက် ဘယ်လောက်ထက်ထက်
ကလောင်လက်နက်ကိုမမှီ
ကလောင်သာ တကယ်ထက်လျှင်
တစ်မျိုးသားလိုး တစ်တိုင်းပြည်လုံး
အဆင့်တွေမြင့်တက်ကုန်ကြလိမ့်မယ်
ဒါကြောင့် ...
မင့်လက်ထဲမှာ ရှိတဲ့ကလောင်
ဘယ်သူတွေ ပြောင်ပြောင်
ဘယ်သူတွေ လှောင်လှောင်
ကလောင်ကို လက်ကကိုင်စွဲ
အပြတ်နွှဲကြစမ်းပါ
ဟိုရှေးအရင် ဟိုယခင်က
အင်္ဂလိပ်အုပ်ချုပ်စဉ်ကပေါ့
စာရေးဆရာများရဲ့ ကလောင်ချက်
အစွမ်းထက်လို့ အာဇာနည်တွေပေါ်ထွက်
စုပေါင်းတိုက်ထုတ်ချက်ကြောင့်
တိုင်းပြည်ရဲ့ လွပ်လပ်ရေး
တကယ်ရယူပေးခဲ့တာ
ကလောင်တွေရဲ့အစွမ်း
အံ့မခန်းစရာပဲ မဟုတ်လား
ဒါကြောင့် ...
မင့်လက်ထဲမှာ ရှိတဲ့ကလောင်
ဘယ်သူတွေပြောင်ပြောင်
မင်းမယောင်နဲ့
တိုင်းပြည်အတွက်
မင့်ရဲ့ ကလောင်အစွမ်းထက်ထက်နဲ့
အပြတ်သာ နွှဲလိုက်စမ်းပါ။
မင်းသုည ကွမ်းခြံကုန်း
Tuesday, January 13, 2009
ကြေငြာချက်
မြန်မာပြည်သူအပေါင်းတို့
ယနေ့မြန်မာနိုင်ငံအတွင်းအချင်းချင်းမေတာတရားများခေါင်းပါးလာခြင်းကြောင့်
ရေကြီးခြင်းမုန်တိုင်းကျခြင်းမီးလောင်ခြင်းငလျင်လှုပ်ခြင်းအစာရေစာများ
ငတ်မွတ်ခေါင်းပါးလာခြင်းစသောကပ်ဘေးဒဏ်များကျရောက်ခံစားနေကြရပါသည်။
ထိုကပ်ဘေးဒဏ်များကင်းပချုပ်ငြိမ်းစေရန်မြတ်စွာဘုရားရှင်၏ပရိတ်တရားတော်များကို CD,VCD,DVD,Mp3,Mp4စသည်စက်များဖြင့် ကျောင်းတိုင်း ဓမ္မာရုံတိုင်းအိမ်တိုင်းနေရာတိုင်းတွင်
နံနက် ၅နာရီ ည ၈ နာရီတိတိ အချိန်တွင်နေ့စဉ်နေ့တိုင်းတပြိုင်တည်း ဖွင့်လှစ်ပေးကြပါရန်
တိုက်တွန်းနိုးဆော်ပါသည်။
ထိုသတ်မှတ်ထားသောအချိန်တွင်မေတ္တသုတ်ပရိတ်တရားတော်နှင့်
အရပ်၁၀မျက်နှာမေတ္တာပို့စာများကိုလည်းညီညာစွာရွတ်ဆိုပေးကြပါရန်ရို
သေလေးမြတ်စွာဖြင့်တိုက်တွန်းနိုးဆော်ပါသည်။
တာဝန်သိသူတာဝန်ရှိသည် တာဝန်ကိုသူတော်ကောင်းသူမြတ်လောင်း အာဇာနည်တွေတာသိကြသည်၊သိကြသည့်အတိုင်းကြေပွန်စွာထမ်းဆောင်
ကြပါသည်။
အချင်းချင်းလက်ဆင့်ကမ်းပြောကြားပေးကြပါရန်ရိုသေလေးစားစွာဖြင့်တိုက်တွန်းနိုးဆော်ပါသည်။
တာဝန်ကြေပွန်သူအာဇာနည်သူရဲကောင်းများဖြစ်နိုင်ကြပါစေ။
ယနေ့မြန်မာနိုင်ငံအတွင်းအချင်းချင်းမေတာတရားများခေါင်းပါးလာခြင်းကြောင့်
ရေကြီးခြင်းမုန်တိုင်းကျခြင်းမီးလောင်ခြင်းငလျင်လှုပ်ခြင်းအစာရေစာများ
ငတ်မွတ်ခေါင်းပါးလာခြင်းစသောကပ်ဘေးဒဏ်များကျရောက်ခံစားနေကြရပါသည်။
ထိုကပ်ဘေးဒဏ်များကင်းပချုပ်ငြိမ်းစေရန်မြတ်စွာဘုရားရှင်၏ပရိတ်တရားတော်များကို CD,VCD,DVD,Mp3,Mp4စသည်စက်များဖြင့် ကျောင်းတိုင်း ဓမ္မာရုံတိုင်းအိမ်တိုင်းနေရာတိုင်းတွင်
နံနက် ၅နာရီ ည ၈ နာရီတိတိ အချိန်တွင်နေ့စဉ်နေ့တိုင်းတပြိုင်တည်း ဖွင့်လှစ်ပေးကြပါရန်
တိုက်တွန်းနိုးဆော်ပါသည်။
ထိုသတ်မှတ်ထားသောအချိန်တွင်မေတ္တသုတ်ပရိတ်တရားတော်နှင့်
အရပ်၁၀မျက်နှာမေတ္တာပို့စာများကိုလည်းညီညာစွာရွတ်ဆိုပေးကြပါရန်ရို
သေလေးမြတ်စွာဖြင့်တိုက်တွန်းနိုးဆော်ပါသည်။
တာဝန်သိသူတာဝန်ရှိသည် တာဝန်ကိုသူတော်ကောင်းသူမြတ်လောင်း အာဇာနည်တွေတာသိကြသည်၊သိကြသည့်အတိုင်းကြေပွန်စွာထမ်းဆောင်
ကြပါသည်။
အချင်းချင်းလက်ဆင့်ကမ်းပြောကြားပေးကြပါရန်ရိုသေလေးစားစွာဖြင့်တိုက်တွန်းနိုးဆော်ပါသည်။
တာဝန်ကြေပွန်သူအာဇာနည်သူရဲကောင်းများဖြစ်နိုင်ကြပါစေ။
Sunday, January 11, 2009
အာဏာရှင်တို့ သွားရာလမ်း
.jpg)
အာဏာဆိုတာ ရေပွက်ပမာ၊
တစ်ခဏတာမို့၊
ရလာအခိုက် လူမိုက်ပမာ၊
ဟိုရမ်းဒီရမ်း လွန်ဆိုးသွမ်းကာ၊
မဲမဲမြင်ရင် ကိုက်ပစ်ချင်ကြ။
သခင်ကမွေး အိမ်ကခွေးသည်၊
ထမင်းကျွေးလက် ကျေးဇူးမှတ်၍၊
ပြန်လည်တိုက်ခိုက် မကိုက်ခဲ့လည်း၊
ပင်ကိုယ်စိတ်ပျောက် ရောဂါဖောက်ကာ၊
ခွေးရူးပြန်ချိန် ထိုအချိန်ဝယ်၊
ကျေးဇူးဆိုတာ ဗလာနတ္ထိသူမသိတော။
ထိုသို့ပမာ နှိုင်းယှဉ်ကာဖြင့်၊
အာဏာဆိုတာ မရပါခင်၊
ထမင်းကျွေးလက် ကျေးဇူးမှတ်၍၊
ပြန်လည်တိုက်ခိုက် မကိုက်ခဲ့လည်း၊
အာဏာရူးချိန် ထိုအချိန်ဝယ်၊
ကျေးဇူးဆိုတာ ဗလာနတ္ထိ၊
သူမသိတော့...
ထမင်းကျွေးလက် ပြန်ကိုက်ဖြတ်၏၊
ဘုရားတရားသံဃာ၊
ရတနာသုံးပါး ဆည်းကပ်ငြားလည်း၊
အာဏာတည်ရေး ချမ်းသာရေးနှင့်၊
မိမိအတ္တ မာန်မာနကို၊
ရှေ့တန်းတင်၏။
ထေရ်ကြီးဝါကြီး မထေရ်ကြီးတို့ ၊
ပြောဆိုဆုံးမ သြ၀ါဒလည်း၊
လုံးဝလက်မခံ သူငြင်းဆန်ခဲ့၊
ပြည်သူကမွေး ပြည်သူကြွေးထား၊
စစ်ဗိုလ်များသည် အာဏာရူးပြီ။
ကျေးဇူးမသိပြီမို့၊
ခွေးရူးကောင်းစား တစ်မွန်းတည့်ဟု၊
သူသူငါငါတုတ်ဓါး ကိုင်ကာပြေးထွက်လာ၍၊
တွေ့ ရာသင်္ချိုင်း ဓါးမဆိုင်းဘဲ၊
ပိုင်းဖြတ်ခုတ်ထွင် ရှင်းလင်းချင်လည်း၊
အာဏာအရူး အော်ကာကျူးရင့်။
သူသူငါငါ တုတ်ဓါးကိုင်ကာ၊
ပြေးထွက်မလာဘဲ အော်သူကိုပင်
အရူးထင်ခဲ့။
ခွေးရူးဆိုတာ ကိုက်ခဲ့ပါရင်၊
ချိန်မှီဆေးသောက် ရောဂါပျောက်လည်း၊
အာဏာအရူး ကိုက်ခံရူးရင်၊
ကုရာနတ္ထိ ဆေးမရှိဘူး။
ဒါကြောင့်...
အာဏာအရူး - အာဏာအရူး..
အော်ကာကြူးရင့်၊
သူသူငါငါတုတ်ဓါး ကိုင်ကာပြေးထွက်လာ၍၊
တွေ့ ရာသင်္ချိုင်း ဓါးမဆိုင်းဘဲ၊
ပိုင်းဖြတ်ခုတ်ထွင် ရှင်းလင်းပါလျှင်၊
အာဏအရူး စစ်ဘီလူးတို့ ၊
ခွေးရူးပမာ သေကြမှာပါ......။
မင်းသုည(ကွမ်းခြံကုန်း)
သိကြားမင်းတောင် မျက်စိလည်သွားပြီ
လူတွေရဲ့အဖြစ်မှန်
အကြောင်းခံကိုလေ့လာကြည့်
တချို့ကလူဖျင်းလူညံ့
တချို့က လူကောင်းလူတော်
မသူတော်နှင့်သူတော်
ဤနှစ်ဖော်နှိုင်းယှဉ်ကြည့်
လူသူတော်က
မိမိအရည်အချင်းနှင့်
နေရာမှန်ကိုသိတယ်
ဒါပေသိလူဖျင်း
အရည်အချင်းကနတ္တိ
ယူဘိသည့်နေရာက အမြင့်ဆုံး
မာနတစ်လုံး နေရာတကာသုံးပြီး
ငါကွလို့ လက်မထောင်
ဟောင်တဲ့အသံက ဘ၀ဂ်ညံ့
နားမခံသာတဲ့ သိကြားမင်း
လူ့ပြည်သက်ဆင်းလို့ ၀ရဇိန်ကိုင်စွဲ
အပြတ်နွှဲမယ်လို့ကြံတုန်း
ဘုရား၊တရား၊သံဃာနားချဉ်းကပ်
ဦးသုံးကြိမ်ခါခါထပ်ပြီး
သူမဟုတ်သယောင်နှင့် သူတော်ယောင်ဆောင်
ယောင်တောင်တောင်ဖြစ်အောင်
လိမ်ညာပြလိုက်တာ
သိကြားမင်းတောင် မျက်စိလည်သွားပြီ။
မင်းသုည ကွမ်းခြံကုန်း
အကြောင်းခံကိုလေ့လာကြည့်
တချို့ကလူဖျင်းလူညံ့
တချို့က လူကောင်းလူတော်
မသူတော်နှင့်သူတော်
ဤနှစ်ဖော်နှိုင်းယှဉ်ကြည့်
လူသူတော်က
မိမိအရည်အချင်းနှင့်
နေရာမှန်ကိုသိတယ်
ဒါပေသိလူဖျင်း
အရည်အချင်းကနတ္တိ
ယူဘိသည့်နေရာက အမြင့်ဆုံး
မာနတစ်လုံး နေရာတကာသုံးပြီး
ငါကွလို့ လက်မထောင်
ဟောင်တဲ့အသံက ဘ၀ဂ်ညံ့
နားမခံသာတဲ့ သိကြားမင်း
လူ့ပြည်သက်ဆင်းလို့ ၀ရဇိန်ကိုင်စွဲ
အပြတ်နွှဲမယ်လို့ကြံတုန်း
ဘုရား၊တရား၊သံဃာနားချဉ်းကပ်
ဦးသုံးကြိမ်ခါခါထပ်ပြီး
သူမဟုတ်သယောင်နှင့် သူတော်ယောင်ဆောင်
ယောင်တောင်တောင်ဖြစ်အောင်
လိမ်ညာပြလိုက်တာ
သိကြားမင်းတောင် မျက်စိလည်သွားပြီ။
မင်းသုည ကွမ်းခြံကုန်း
Wednesday, January 7, 2009
ဒီမိုကရေစီတိုက်ပွဲ

ဒီမိုကရေစီတိုက်ပွဲ
နှစ်လုံးသားကိုတံတားခင်း
အသက်နဲ့ ရင်းရတဲ့ လွတ်လပ်ခြင်းဆိုတဲ့ရက်
ဒီမိုကရေစီအရေးတော်ပုံမှာ
ကိုယ်ရဲ့အသက်ကိုမငဲ့ နိုင်ပေမယ့်
မြန်မာပြည်သူတွေကိုရင်ခွင်ပိုက်ပြီး
ခေါင်းမငိုက်ဦးမညွတ်
ကိုယ်ကျိုးစွန့်လွတ် တဲ့ခွပ်ဒေါင်းဇာနည်
ဒီမိုကရစီတိုက်ပွဲဝင်သူတွေရဲ့
တည်ကြည်ရဲရင့်မြင့်မြတ်တဲ့ဂုဏ်ပုဒ်ဟာ
ကမ္ဘာမြေတုန်လောက်ပါတယ်။
အာဇာနည်စိတ်ဓာတ်ကို
မှတ်ကျောက်တင်စမ်းသပ်လိုတဲ့
ယုတ်မာသူလူတစုရဲ့ ၊ နှိပ်စက်ကာညှင်းပန်း။
သတ်ဖြတ်ကာရက်စက်ပေမဲ့
နောက်မဆုတ်ဇွဲမာန်ထောင်
တချိန်မှာ ဧကန်အောင်ရမယ်လို့ 
မြန်ပြည်သူချမ်းသာကြောင်းပေမို့ 
လှေခွက်ချည်းကျန်အလံမလဲပါဘူး
တိုက်ပွဲဝင်ပန်းတိုင်
ဒီမိုကရေစီမဏ္ဍိုင်ကို အနိုင်ရအောင်တိုက်မယ်လို့ 
ရင်ဆိုင်ကာချီတက်သူ မျိုးချစ်ဇာနည်ဖြူတွေကို
တို့ ပြည်သူတွေ နှလုံးသားမှာ
သမိုင်းမှတ်တမ်းဝင်
ကမ္မည်းထိုးတင်ထားပါသဖြင့်
ကမ္ဘာရှည်သရွေ့တည်နေမယ်။.
မင်းသုည(ကွမ်းခြံကုန်း)
ဗုဒ္ဓတက္ကသိုလ်
Tuesday, January 6, 2009
ငါးပြားတန်ဦးဏှောက်
ဦးဏှောက်ပြပွဲ တစ်ခု
ကျနော်သွားကြည့်ရှု စဉ်ကပေါ့
ခင်းကျင်းပြထားတဲ့အထဲ
သူတောင်းစား၊ အရူးကြီး၊ ၀န်ကြီး၊
သမ္မတနှင့် သူဌေးသား၊
ကမ္ဘာ့သမိုင်းဝင် ပညာရှင်တို့
အလွှာပေါင်းစုံရဲ့ ဦးဏှောက်၊
အထ္ထုပ္ပတ္တိတွေနှင့် တကွ
တန်ဖိုးတွေပါ ဖေါ်ပြထားတယ်။
ကျနော် တစ်ခန်းခြင်းလိုက်ကြည့်
တစ်ချို့ ကမ္ဘာ့ပညာရှင်တွေရဲ့ဦးနှောက်
ဒေါ်လာ သိန်းသန်း အဖိုးအနဂ္ဂလောက် တန်ရဲ့
ဒီလိုနဲ့ ကျနော်ဆက်ကြည့်
တွေ့မိတဲ့ ပြခန်းတစ်ခု
စာတမ်းပြု ထားတာက
ငါးပြားတန် ဦးဏှောက်ပြခန်း တဲ့
ငါးပြားတန် ဦးဏှောက်ပြခန်း
ဘယ်လိုပြခန်းလဲလို့ ထူးဆန်းလို့ ကျနော်ဝင်ကြည့်
သူတို့တွေရဲ့ အထ္ထုပ္ပတ္တိ
ကျနော် ဖတ်ကြည့် မိတော့
ဟစ်တလာပင် သူတို့နှင့် မယှဉ်သာ
သေချာတာက
ကမ္ဘာ့ ယုတ်မာမှုပေါင်း သရဖူဆောင်း ဆိုပဲ
ဒီလိုနဲ့ ကျနော် လျှောက်ကြည့်
အခန်းရဲ့ အမြင့်ဆုံးနား
ထူးထူးခြားခြား ကြီးကြီးမားမား
ဦးဏှောက်ကြီးများ ကျနော်တွေ့
သူတို့ရဲ့ စာတန်းကိုပါ လှမ်းတွေ့မိတော့
ကျနော်လှမ်းးနေတဲ့ ခြေလှမ်း
ဘယ်သို့ လှမ်းရမသိ
သူတို့တွေရဲ့ အထ္ထုပ္ပတ္တိနဲ့ ဒီဂရီ
တန်းစီ ဖေါ်ပြထားတာက
Cynic ၊ Egoist ၊ Egotist ၊ Pessimist ၊ Selfish ၊
Sadist ၊ Eccentric ၊ Argumentative ၊ Sycophant ၊
Prudent ၊ Obdurate ၊ Genocide တဲ့ ။
အားပါးပါး တော်တော်များပဲ
ပြီးတော့ သူတို့တွေရဲ့ ကွန်ယက်တွင်း
သက်ဆင်းမိရင်…အားလုံး
Nothing အပြတ်ရှင်းဆိုပဲ ။
ဒီလိုနဲ့ ၀င်ခဲ့မိတဲ့ ကျနော့်ခြေလှမ်း
အလိုလိုနောက်ပြန်လှမ်းမိ
ပြေးထွက်မိစဉ်
အခန်းထဲက အသံတစ်သံ
ကျနော့ နားထဲ ညံသွားတာက…
” နောက်တစ်ခါဝင်ကြည့်
ငါးပြားတန်ဦးဏှောက်အကြောင်း
မင်း …ကောင်းကောင်းသိစေရမယ်“ တဲ့။ ။
မင်းသုည(ကွမ်းခြံကုန်း)
ဗုဒ္ဓတက္ကသိုလ်
ကျနော်သွားကြည့်ရှု စဉ်ကပေါ့
ခင်းကျင်းပြထားတဲ့အထဲ
သူတောင်းစား၊ အရူးကြီး၊ ၀န်ကြီး၊
သမ္မတနှင့် သူဌေးသား၊
ကမ္ဘာ့သမိုင်းဝင် ပညာရှင်တို့
အလွှာပေါင်းစုံရဲ့ ဦးဏှောက်၊
အထ္ထုပ္ပတ္တိတွေနှင့် တကွ
တန်ဖိုးတွေပါ ဖေါ်ပြထားတယ်။
ကျနော် တစ်ခန်းခြင်းလိုက်ကြည့်
တစ်ချို့ ကမ္ဘာ့ပညာရှင်တွေရဲ့ဦးနှောက်
ဒေါ်လာ သိန်းသန်း အဖိုးအနဂ္ဂလောက် တန်ရဲ့
ဒီလိုနဲ့ ကျနော်ဆက်ကြည့်
တွေ့မိတဲ့ ပြခန်းတစ်ခု
စာတမ်းပြု ထားတာက
ငါးပြားတန် ဦးဏှောက်ပြခန်း တဲ့
ငါးပြားတန် ဦးဏှောက်ပြခန်း
ဘယ်လိုပြခန်းလဲလို့ ထူးဆန်းလို့ ကျနော်ဝင်ကြည့်
သူတို့တွေရဲ့ အထ္ထုပ္ပတ္တိ
ကျနော် ဖတ်ကြည့် မိတော့
ဟစ်တလာပင် သူတို့နှင့် မယှဉ်သာ
သေချာတာက
ကမ္ဘာ့ ယုတ်မာမှုပေါင်း သရဖူဆောင်း ဆိုပဲ
ဒီလိုနဲ့ ကျနော် လျှောက်ကြည့်
အခန်းရဲ့ အမြင့်ဆုံးနား
ထူးထူးခြားခြား ကြီးကြီးမားမား
ဦးဏှောက်ကြီးများ ကျနော်တွေ့
သူတို့ရဲ့ စာတန်းကိုပါ လှမ်းတွေ့မိတော့
ကျနော်လှမ်းးနေတဲ့ ခြေလှမ်း
ဘယ်သို့ လှမ်းရမသိ
သူတို့တွေရဲ့ အထ္ထုပ္ပတ္တိနဲ့ ဒီဂရီ
တန်းစီ ဖေါ်ပြထားတာက
Cynic ၊ Egoist ၊ Egotist ၊ Pessimist ၊ Selfish ၊
Sadist ၊ Eccentric ၊ Argumentative ၊ Sycophant ၊
Prudent ၊ Obdurate ၊ Genocide တဲ့ ။
အားပါးပါး တော်တော်များပဲ
ပြီးတော့ သူတို့တွေရဲ့ ကွန်ယက်တွင်း
သက်ဆင်းမိရင်…အားလုံး
Nothing အပြတ်ရှင်းဆိုပဲ ။
ဒီလိုနဲ့ ၀င်ခဲ့မိတဲ့ ကျနော့်ခြေလှမ်း
အလိုလိုနောက်ပြန်လှမ်းမိ
ပြေးထွက်မိစဉ်
အခန်းထဲက အသံတစ်သံ
ကျနော့ နားထဲ ညံသွားတာက…
” နောက်တစ်ခါဝင်ကြည့်
ငါးပြားတန်ဦးဏှောက်အကြောင်း
မင်း …ကောင်းကောင်းသိစေရမယ်“ တဲ့။ ။
မင်းသုည(ကွမ်းခြံကုန်း)
ဗုဒ္ဓတက္ကသိုလ်
Saturday, January 3, 2009
တရားခံဘယ်သူလဲဟေ့

တရားခံဘယ်သူလဲဟေ့
ကျွန်တော့်ရဲ့ ဖွားသက္ကရာဇ်က 1988 ခုနှစ်
အခု 2009 ခုနှစ်ဆိုတော့
ကျွန်တော်အသက် 21 နှစ်ပေါ့
ဒါပေမဲ့ . . . ကျွန်တော့်ကို ကျွန်တော်မေး
မင်း ဘယ်သူလဲ? ငါဘယ်သူလဲ?
မင်း ဘယ်သူလဲဆိုတာ ငါမသိသလို
ငါဘယ်သူလဲဆိုတာ
အဖြေက ယောင်ဝါးဝါး ၀ိုးတိုးဝါးတာပါပဲ
မွေးစကတည်းက အမှောင်ခန်းထဲမှာ မွေးခဲ့တဲ့ငါ
မျက်စီကန်းလို့ နားကမကြား
အရာအားလုံးဟာ ၀ိုးတိုးဝါးတားပါပဲ
ယနေ့ ကမ္ဘာကြီးမှာ ပြောနေကြတဲ့
ကွန်ပျူတာခေတ်၊ အင်တာနက်ခေတ်
IT ခေတ် globalization ခေတ်
20 ရာစုမှ 21 ရာစုကိုပြောင်း
ခေတ်နှစ်ခေတ်ကို မီလိုက်လို့
သိပ်ပြီးထူးခြားတဲ့ခေတ်
ဒါပေမဲ့ ခေတ်တွေက ဘယ်လိုပြောင်းပြောင်း
မပြောင်းလဲတာက ငါ့ရဲ့ဘဝ
20 ရာစုမှာ မွေးလို့ 21 ရာစုထဲ ရောက်ခဲ့တဲ့ ငါ့ရဲ့ ဘဝ
ဟိုး ကမ္ဘာဦးအစ ကျောက်ခေတ်ဘ၀နဲ့
ဘာမှ မခြားနား မကွဲပြား
အရာအားလုံးဟာ ၀ိုးတိုးဝါးတား ယောင်ဝါးဝါးပါပဲ
ဒီလိုနဲ့ သိချင်လို့ ပြည်သူတွေကို ကျွန်တော်မေး
ဒါတွေအားလုံးရဲ့ အဖြစ်မှန်
တရားခံ ဘယ်သူလဲဟေ့?
WHO IS THE CULPRIT
1988 is my date
Now ..... 2005
I am 17 years old
But I asked myself
Who am I ? Who are you?
I don't konw who you are
You don't know who I am
Who am I ?
The answer is uncertain
I was in the dark since I was born
my eyes and ears are closed
Everythings are uncertain
Todays' world is changing
computer and Internet ear
I.T and globalization age
Changed from 20th to 21st century
It's said it is a wonderful opprtunity
to learn the two centuries
But no matter how centuries change,
unchange is my life
I was born in 20th century and living
in 21st century
Oh....my life is no different than stone age
Everthings are still uncertain
So, So, So, .... in order to know,
I asked the people
WHO IS THE CULPRIT
for the facts?
မင်းသုည ကွမ်းခြံကုန်း
Friday, January 2, 2009
၆၁ နှစ်ပြည့်လွတ်လပ်ရေးနေ့

၂၀၀၉ ခုနှစ်၊ဇန်နဝါရီလ(၄)ရက်နေ့ ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ကြီး
တိုင်းတစ်ပါးလက်အောက်ကလွတ်မြောက်ခဲ့တာ (၆၁)နှစ်ရှိပြီ။ကျွန်စနစ်ကြီးအောက်
ကနေလွတ်မြောက်အောင်လွတ်လပ်ရေးခေါင်းဆောင်တွေရဲ့ အသက်သွေးချွေးပေါင်း
မြောက်များစွာကျပြီး၊ရင်းပြီးမှရခဲ့ကြတာအားလုံးအသိဖြစ်ပါသည်။ထိုခေါင်းဆောင်ကြီးတွေသူတို့မိုင်းပေးတာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့ကြလို့သူတို့ ရဲ့ သမိုင်း မှတ်တမ်းကိုသူတစ်ပါးနိုင်ငံကျွန်စနစ်အောက်ကနေလွတ်မြောက်သောနေ့ လွတ်လပ်ရေးနေ့ လို့ ရဲရဲရင့်ရင့်စိုက်ထူနိုင်ခဲ့ကြသည်။သူတဲ့ရဲ့ သမိုင်းမှတ်တမ်းကမ္ဘာ့သ မိုင်းဝင်သွားခဲ့ပြီ။
ထိုခေါင်းဆောင်ကြီးများယူပေးခဲ့တဲ့လွတ်လပ်ရေးကိုခိုင်မာအောင်မတည်
ဆောက်နိုင်ခဲ့မှု၊အချင်းချင်းမညီညွတ်မှု၊အညှိုးအတေးကြီးမှုတွေကြောင့် အာဇာနည်ခေါင်း
ဆောင်ကြီးများယူပေးခဲ့သောလွတ်လပ်ရေးတဖန်ပြန်လည်ဆုံးရှုံးခဲ့ရ၏။ရှက်စရာကောင်းသည်က
ကိုယ့်အချင်းချင်းကျွန်ပြုထားသော စစ်အာဏာရှင်ကြီးများကား တိုင်းတစ်ပါးသားအင်္ဂလိပ်နှင့်ဖက်စစ်ဂျပန်တို့ ထက်ပင်ပိုမိုဆိုးဝါးနေခြင်းဖြစ်ပါသည်။
ကျနော်တို့ ပြည်သူတွေတဖန်ပြန်လည်ကျဆုံးနေတဲ့ လွတ်လပ်ရေးကိုဘယ်လို
ရအောင်တိုက်ယူကြမှာလဲ?--စစ်အာဏာရှင်ဗိုလ်နေဝင်းလက်ထက်မှနေ၍ယနေ့ ၂၀၀၉ ခုနှစ်ထိတိုက်ပွဲဝင်လာကြတာနှစ်ပေါင်း၄၇နှစ်ရှိပြီ။ယနေ့ ထိလွတ်လပ်ရေးမရကြသေး ပေ။
အာဇာနည်ရဟန်းသံဃာတော်တွေ၊ကျောင်းသားအာဇာနည်တွေ၊ပြည်သူ့အာဇာနည်တွေစသည့်နိုင်ငံ့အာဇာနည်တွေရဲ့ အသက်သွေးချွေးပေါင်းမြောက်
များစွာ သွေးမြေကျ ရင်းခဲ့ကြရသည်။ယခုထက်ထိစစ်အာဏာရှင်န.အ.ဖ ၏
အကျဉ်းထောင်များထဲတွင်ထောင်ဒဏ်(၁၀၄)နှစ်၊(၆၈)နှစ်၊(၅၈)နှစ်စသည် ဖြင့်နှစ်ရှည်ထောင်ဒဏ်တွေအကျခံမတရားနှိပ်စက်ခံနေကြရဆဲရှိသေး၏။ ဒါပေမဲ့လွတ်လပ်ရေးကားယနေ့ ထက်ထိမရရှိသေးသည်ကိုတတိုင်းပြည်လုံးအသိဖြစ်၏။ဒါကိုလျစ်လျူရှုမသိကျိုးကျွန်ပြုမနေကြပါနဲ့ ။
တတိုင်းပြည်လုံးလှည်းနေလှေအောင်မြင်းဇောင်းမကျန်တက်ညီ
လက်ညီဖြင့်တော်လှန်ခဲ့ကြလို့ တိုင်းတပါးသူ့ ကျွန်အောက်ကနေလွတ်လပ်
ရေးကိုရအောင်ယူနိုင်ခဲ့ကြ၏။ဒါကိုယနေ့ (၆၁)နှစ်မြောက်လွတ်လပ်ရေးနေ့ 
ဆိုတာကအထင်အရှားဖော်ပြနေပါ၏။ယနေ့ တိုင်းတပါးထက်ဆိုးတဲ့စစ်အာဏာရှင်ကြီးများလက်ဝါးကြီးအုပ်ကာတတိုင်းပြည်လုံးကိုဒုက္ခရောက်အောင်ပြုနေတဲ့
စစ်ကျွန်စနစ်အောက်ကနေလွတ်မြောက်ရေးကိုဘယ်လိုတိုက်ပြီးရ အောင်ယူကြမှာလဲ?ယနေ့ သမိုင်းပေးတာဝန်သည်မြန်မာနိုင်ငံသားအားလုံး၏အ ပေါ်သို့ ကျရောက်နေပါပြီ။တတိုင်းပြည်လုံးရဲ့လွတ်မြောက်ရေးကို
ငါနဲ့ မဆိုင်ဆိုပြီးဘေးထိုင်ဘိုင်ကျလက်မှိုင်ချနေမယ်ဆိုရင်သင်ဟာအဆင့် မြင့်လူသားတွေရဲ့စွန့့် ပယ်ခြင်းကိုခံရလိမ့်မယ်။သင်ဟာလူစင်စစ်ကနေနိမ့် ကျရွေ့ လျောသွားလိမ့်မယ်။လူမှာလူ့ တာဝန်ဝတ္တရားတွေရှိတယ်။ ဒီတာဝန်ဝတ္တရားတွေကျေပွန်အောင်ထမ်းဆောင်နိုင်မှသင်ဟာလူပီသတဲ့ လူသားစင်စစ်ဖြစ်နိုင်တယ်။ဟန်းဖုန်းလေးခါးကြားချိတ်နိုင်ရုံ၊ကားကောင်းကောင်းစီးနိုင်ရုံ၊ပိုက်ဆံလေးသုံးနိုင်ဖြုန်းနိုင်ရုံ၊
န.အ.ဖတွေချပေးတဲ့ရာထူးပါဝါတွေကိုသာမက်မောပြီးငါဟာချမ်းသာစီးစိမ်တွေကိုခံစားနိုင်ပြီ၊လူပီသပြီလို့ လက်မထောင်နေရင်သင့်ကိုကမ္ဘာ့အချမ်းသာဆုံးဘီလ်ဂိတ်အိမ်က ခွေးကရယ်ပြနေလိမ့်မယ်။ သင်တို့ ခံစားနေတဲ့စီးစိမ်ချမ်းသာတွေဟာ ဘီလ်ဂိတ်အိမ်က ခွေးတစ်ကောင်လောက်တောင်မှအဆင့်အတန်းမရှိဘူး။သင်တို့ ခံစားနေတာတွေဟာ ဘာမှလွတ်
လပ်မှုမရှိဘူး။အမြဲတမ်းစိုးရိမ်နေရတယ်။အမြဲတန်းဖားနေကြရတယ်။အဲ့ဒိမိမိ
ဖားနေရတဲ့အကောင်ကြီးကြီးအမှီးရှည်ရှည်ပြုတ်ပြီဆိုရင်အဲ့ဒိငဖားကောင်လဲ စည်းစိမ်အကုန်ပြုတ်ပြီးဒုက္ခရောက်တော့တာပဲ။ပြန်စဉ်းစားကြည့်။ဘီလ်ဂိတ်ရဲ့ ခွေးမှာ ခွေးအခွင့်ရေးအပြည့်အဝရှိတယ်။
သူ့ ကိုဘယ်သူမှအလကားမငေါက်ရဲဘူး။မရိုက်ရဲဘူး။သူ့ မှာဘယ်သူ့ ကိုမှမဖားရဘူး။သူ့ မှာလွတ်လပ်ခွင့်တွေအ
များကြီးရှိတယ်။ပြီးတော့အဲ့ဒိခွေးရဲ့ စီည်းစိမ်နဲ့ မိမိစည်းစိမ်ယှဉ်ကြည့်အဲ့ဒိခွေးကသာတယ်။ဒါကြောင့်စည်းစိမ်ခံစားရရုံမျှကို
လူပီသပြီလို့ တွေးကြရင်ဘီလ် ဂိတ်အိမ်ကခွေးကိုပြေးပြီးသတိရဖို့ လိုတယ်။ဒါပေမဲ့ ဘီလ်ဂိတ်အိမ်ခွေးစီးစိမ်ခံစားတက်ပေမဲ့ကိုယ့်တိုင်းပြည်ရဲ့ လွတ်လပ်ရေးတို့ အမျိုးသားရေးတာဝန်တို့ ဆိုတာကိုဘယ်သိမလဲ။ဒီတာဝန်ကိုလူပီသတဲ့အ ဆင့်မြင့်အာဇာနည်တွေသာသိ
ကြတယ်။သိသည့်အလျှောက်မိမိအသက်ကိုပင်ပဓာနမထားပဲလွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ကြတယ်။
လူနဲ့ တိရ စ္ဆာန်ကွာတာ ခြားနားတာဟာ ဒါပါပဲ။
အဲ့ဒီတော့မိမိကိုယ်ကိုမိမိသေချာစွာမလိမ်တမ်းမညာတမ်းပြန်မေးကြပါ။ငါ
ဟာဘယ်အုပ်စုထဲမှာပါနေလဲ?လူ့ တိရ စ္ဆာန်အုပ်စုထဲမှာလား?လူပီသတဲ့လူ
စင်စစ်အုပ်စုထဲမှာလား?ဒါကိုသေချာစွာမေးပါ။ဟိုတစ်ချိန်ကလုပ်ခဲ့ဘူးတာဘဲ
ဆိုရုံလေးနဲ့ စားမြုန့် ပြန်ပြီးကျေနပ်မနေပါနဲ့ ။မိမိသွားရမှာကစစ်ကျွန်စနစ်မှအပြီးတိုင်လွတ်မြောက်ရေးဆီသွားရမယ်။လွတ်မြောက်ပြီးရင်ဒီလွတ်လပ်ရေး
ကြီးကိုဘယ်လိုအာဏာရှင်မှမဖြိုခွဲနိုင်အောင် လွတ်လပ်ရေးကြီးမကျဆုံး
အောင် မပျောက်ပျက်ရအောင် ခိုင်ခိုင်မာမာအခြေချတည်ဆောက်ရမယ်။ခိုင်
ခိုင်မာမာအခြေမချနိုင်ခဲ့လို့ အသက်သွေးချွေးတွေနဲ့ ရင်းခဲ့ရတဲ့ လွတ်လပ်ရေး
ကြီးဆုံးရှုံးခဲ့ရတယ်။ဒါကိုသင်္ခန်းစာယူရမယ်။ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလိုပန်းမ၀င်ခင်တက်မထောင်ချင်ကြပါနဲ့ ။ဒါဟာသခင်စိတ်ဓာတ်မဟုတ်ဘူး။ ကျွန်စိတ်ဓာတ်သာဖြစ်တယ်။တတိုင်းပြည်လုံးဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကလိုသခင်စိတ်ဓာတ်များမွေးရ်ျစစ်ကျွန်စနစ်အောက်ကလွတ်မြောက် အောင်တက်ညီလက်ညီဖြင့်တိုက်ကြမည်ဆိုလျှင်ဧကန်မုချလွတ်လပ်ရေးရမှာဖြစ်ပါတယ်။
မည်သူ့ ကိုမှအားကိုးမနေကြပါနဲ့ ။အတ္တာဟိ အတ္တနော နာထော -မိမိသည်
သာမိမိ၏အားကိုးရာဖြစ်၏ဆိုတဲ့ ဗုဒ္ဓရဲ့ လမ်းစဉ်အတိုင်းကိုယ့်အားကိုယ် ကိုး၍ကြိုးစားကြပါ။ ယနေ့ ပြည်သူအင်အားသန်း(၅၀)ကျော်ရှိပါ၏။ထိုသန်း(၅၀)ကျော်သာညီ ညွတ်ကြမယ်ဆိုရင်တကယ့်မိမိနိုင်ငံရဲ့ လွတ်လပ်ရေးသည်မဝေးတော့ပါ။မိမိရဲ့ လက်တစ်ကမ်းအလိုတွင်သာရှိပါသည်။အားလုံးမိမိရဲ့ကျွန်စိတ်ကြောက် စိတ်များကိုဖျောက်ကြပါလော့။စည်းဝေးတိုင်ပင်ကြပါလော့။သခင်အသင်း များနေရာအနှံ့ ပြန်လည်ဖွဲ့ စည်းကာတွန်းလှန်ကြပါလော့။တကယ်လွတ် မြောက်ရမည်ဟူသောယုံကြည်စိတ်ဖြင့်တတိုင်းပြည်လုံးကြိုးစားတွန်းလှန်ကြပါလျှင်န.အ.ဖစစ်ဗိုလ်ချုပ်ကြီးများ
ခွေးပြေးဝက်ပြေးထွက်ပြေးရကာမိမိတို့ 
တိုင်းပြည်ရဲ့ လွတ်လပ်ရေးကိုတဖန်ပြန်ယူနိုင်ကြပါလိမ့်မည်။
တာဝန်သိသူတာဝန်ရှိသည်။တာဝန်ကိုသူတော်ကောင်းသူမြတ်
လောင်းတို့ သာသိကြသည်။သိသည့်အတိုင်းလည်းထမ်းဆောင်ကြပါသည်။
တော်လှန်ရေးသစ္စာဖြင့်
မင်းသုည
Thursday, January 1, 2009
င - င ချိတ်ပေါင်း စားလို့ကောင်း

ကလေးဘ၀ သူငယ်တန်းအရွယ်ကပေါ့
င-င ချိတ်ပေါင်း စားလို့ကောင်းလို့
ဘာရယ်မသိ ရမ်းအော်မိခဲ့။
ငယ်က ကြီးလာ ယခုအခါမှ
သေချာစမ်းစစ် အဖြေစစ်တော့
လောက ဓမ္မ တာရှိနေတာက
သူ့ချည်းသက်သက် ဘာမှမဖက်ရင်
ကောင်းဂုဏ်သတင်း မရလျဉ်းဘူး။
အကောင်းမည်တွင် ဖွတ်ဥပင်လည်း
သူ့ချည်းသက်သက် ဆားနှင့်အဖက်ရင်
ကောင်းဂုဏ်သတင်း မရလျဉ်းဘူး
ဗုဒ္ဓမြတ်စွာ ဘုရားရှင်သော်မှ
ကောင်းဂုဏ်သတင်း ရခဲ့ခြင်းဟာ
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း
ဓမ္မကိုရှာ ပေါင်းဖက်ပါမှ
သဗ္ဗညုတဥာဏ်ရှင် ဘုရားရှင်ဟု
ကမ္ဘာ့အလယ်တွင် ထွန်းတောက်ကြွယ်ခဲ့။
င - င ချိတ်ပေါင်း စားလို့ကောင်းတာ
သူ့ချည်းသက်သက် ဆား (နှမ်းထောင်း) မဖက်ရင်
သူနဲ့ လိုက်ဖက် အုန်း၊ ငါးကျော်မဖက်ရင်
ကောင်းသတင်းဆိုတာ ဗလာနတ္ထိ သူမရှိနိုင်။
င - င ချိတ်ပေါင်း ဆား(နှမ်းထောင်း) မပါဘဲ
အဖျက်ဂုဏ်လောင်း သဲ ( ဆန် ) နဲ့ ပေါင်းရင်
င - င ချိတ်ပေါင်း စားလို့မကောင်းဘဲ
စက်ဆုပ်ရွံရှာ ဖြစ်မည်သာ။
လောကမည်တွင် လူတို့တွင်လည်း
(သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ သြတ္တပ္ပ)
သူတော်ကောင်းဥစ္စာ ခုနှစ်ဖြာကို
ပေါင်းဖက်မပြု လစ်လျှူရှုလျှင်
သူတော်ကောင်းဆိုတဲ့
ကောင်းဂုဏ်သတင်း မရလျဉ်းဘူး။
သင်ပေါင်းသင်းရာ ခုနှစ်ဖြာသည်
အရက်သေစာ၊ ဘိန်း၊ လောင်းကစား၊
သူခိုးဓားပြ လူဗာလနှင့်
အမျိုးဂုဏ်ဖျက် လူ့ကျင့်ပျက်ကို
အတူယှဉ်ကာ ပေါင်းဖက်ပါလျှင်
လနှစ်ချောင်းငင် လူဟုမတွင်ဘဲ
န-ငယ်ဝဆွဲရေးချ ၀စ္စနှစ်လုံးပေါက်
နွား- လူငနွားဟု
ရေးသားစပ်ဆို သီကုံးလိုသည်
နေ့တိုင်းနေ့စဉ် သတိယှဉ် ၍
ကြိုးစားရှောင်လေ မကောင်းမှုတွေ
ကြိုးစားဆောင်လေ ကောင်းမှုတွေ။
မင်းသုည (ကွမ်းခြံကုန်း)
အဖေ နဲ့ အမေ

လူချင်းတူပေမဲ့ စိတ်ဓာတ်ချင်းမတူကြ
ကွဲပြားကြ၏
တချို့က အမေ့ကျေးဇူး ပိုထူးလို့ ပြောကြတယ်
တချို့က အဖေ့ကျေးဇူး ပိုထူးလို့ ပြောကြတယ်
တချို့က ကျေးဇူးမရှိ ဗလာနတ္ထိလို့ ပြောကြတယ်
ဘယ်သူတွေ ဘယ်လိုပြောကြပါစေ
အဖေနှင့် အမေ သူတို့တတွေရဲ့ ကျေးဇူး
သားသမီးတွေရဲ့ အပေါ်ရှိခဲ့ ဘူးတာ
အားလုံးအသိ . . .
ရှိသည့် ကျေးဇူး မသိဘူးဟု
သံကုန်ဟစ်အော် သင်ကြွေးကြော်ရင်
မင်းရဲ့ အသိ နွားနှင့် ညှိကြည့်
အဖြေသိရလိမ့်မယ်
မေထုန်မီ အိပ်စား ဤသုံးပါသာ ရှိသည့်နွား
သူ့သမီး နှင့် သားအပေါ်
ထားတဲ့မေတ္တာ စေတနာကို
ကျေးဇူးမသိသည့် မင်းနဲ့ယှဉ်ကြည့်
အဖြေသိရလိမ့်မည်။
အဖေနှင့် အမေရဲ့ အနန္တမေတ္တာစေတနာကို
အဆပ်ချင်နေပါ မစော်ကားပါနှင့်
စော်ကားပါလျှင်
သင်လို သမီးသား လူ့ငနွားကို
မတွေ့ရပါစေ တောင်းဆုချွေသည်
ဆုတောင်းတိုင်းသာ ပြည့်ပါစေ . . .။
မင်းသုည (ကွမ်းခြံကုန်း)
၂၀၀၉ နှစ်သစ်ကဗျာ

မျော်လင့်ခြင်းရောင်ခြည်ဖြဖြအောက်မှာ
၂၀၀၉တံခါးချပ်ကိုဖွင့်ဖောက်ဖို့
ဟောခုရောက်လာပြီ သူငယ်ချင်း---
ခရစ်နှစ်တွေတစ်ခုပြီးတစ်ခု
ငါတို့ကိုဝါးမြို
မစိမ်းစိုနိုင်သေးတဲ့ ဟောဒီတောအုပ်အိုကြီးထဲမှာ
ဘ၀တွေကအထပ်ထပ်သေ
လူတွေလဲလူရုပ်မပေါက်နိုင်ကြ
ဖောက်ပြန်ရေးသမားတွေ
ကြီးစိုးကြ၊ကြီးနိုင်ငယ်ညှင်းတွေလုပ်ကြ၊
နာလန်ပြန်မထနိုင်တော့တဲ့လူဖြစ်ရှုံးကြ၊
ဒါပေမဲ့ငါတို့စိတ်ဓာတ်တွေမသေဘူး
ငါတို့ရဲ့သမိုင်းမရိုင်းဘူးသူငယ်ချင်း---
၂၀၀၉ဆိုတဲ့နှစ်သစ်မှာ
သမိုင်းစာမျက်နှာသစ်တစ်ခု
ဖွင့်လှစ်ကြမယ်--
မပီးဆုံးသေးတဲ့ငါတို့ရဲ့မျော်လင့်ချက်တွေ
အကောင်အထည်ဖော်ကြမယ်၊
မြို့ပျက်ကြီးထဲက ငိုညီးသံတွေ
မျက်ရည်စတွေနှစ်သစ်မှာပီးဆုံးစေမယ်၊
သွားရည်တမြမြ၀မ်းမ၀နိုင်ဖြစ်နေတဲ့
ဖောက်ပြန်ရေးအတ္တစာမျက်နှာတွေ
တစ်စစီရိုက်ချိုးပစ်ဖို့
အချိန်တွေသိပ်မရှိတော့ဘူးသူငယ်ချင်း---
ရင်ဘတ်တွေဖွင့်ပစ်လိုက်
ကိုယ်ကျိုးသက်သက်ကြည့်တဲ့စိတ်ဓာတ်တွေ
အရည်ဖျော်ဖျက်ဆီး
အောက်တန်းကျတဲ့
စိတ်ဓာတ်တွေချန်ထားရစ်လို့
ဟောဒီနှစ်သစ်မှာ
ငါတို့အားလုံးဖောက်ထွက်ကြမယ်။
တက္ကသိုလ် မြတ်မင်းသွေး
၁-၁-၂၀၀၉