စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းတွင် နအဖ၏နည်းမျိုးစုံနှိပ်ကွပ်မှုကြောင့်
မြန်မာပြည်တွင်နအဖအားတော်လှန်မည့်သူမရှိတော့ဘူးဟုထင်မှတ်စရာဖြစ်လာခဲ့သည်။
သို့သော်ဓမ္မနှင့်အဓမ္မတိုက်ပွဲကားမပြီးဆုံးသေးဘူးဆိုတာကိုနအဖတို့သဘောပေါက်စေချင်
သည်။မည့်သည့်ထောင်ဒဏ်၊ပုဒ်မတွေဘယ်လောက်ပင်ချချအကြောက်တရားကင်းမဲ့စွာ
ဆက်လက်တိုက်ပွဲဝင်ကြမည့်သူရဲကောင်းများမြန်မာပြည်တွင်မြောက်များစွားပေါ်ထွက်
လာဦးမည်ဖြစ်သည်။ယခုအခါတွင်နအဖအားပြည်သူ့ဘုံရန်သူအဖြစ်သတ်မှတ်ပြီးအပီးသတ်
လူထုတိုက်ပွဲဆင်နွဲရန်အချိန်သို့ကျရောက်လာပြီဖြစ်သည်။သာသနာ့အလံသည်သာသနာတော်
တစ်ခုလုံး၏အသက်သွေးကြောဖြစ်သလိုစက်တင်ဘာရွှေဝါရောင်တော်လှန်ရေး၏အထိမ်းအမှတ်
အောင်လံတစ်ခုဖြစ်ခဲ့သည်။သာသနာ့အလံသည်ဓမ္မ(အမှန်တရား)၏သင်္ကေတတစ်ခုဖြစ်သလို
အဓမ္မ(မတရားမှု)တွေကိုဖြိုလှဲမည့်ပြရုပ်တစ်ခုဖြစ်သည်။မိမိတို့သည်ဓမ္မ(အမှန်တရား)ကိုချစ်မြတ်
နိုးကြသည်အမှန်တရားကိုအမှန်တကယ်ထွန်းကားစေချင်ကြလျှင်မိမိတို့နေထိုင်ရာကျောင်းတိုက်၊
အိမ်၊လမ်း၊ဓမ္မာရုံ၊ကား၊ရထား၊စက်ဘီး၊မော်တော်ဆိုင်ကယ်၊ဆိုက်ကားစသည့်နေရာတို့၌၄င်း၊
လှည်းနေလှည်းအောင်းမြင်းစောင်းပါမကျန်အမှန်တရားတည်းဟူသောသာသနာ့အောင်လံကို
စိုက်ထူကြပါကုန်စို့၊အမှန်တရားတည်းဟူသောအောင်လံကိုစိုက်ထူကြပါကုန်စို့။
Saturday, November 29, 2008
သာသနာ့အလံကန်ပိန်းများဆက်တိုက်ပြုလုပ်
Monday, November 24, 2008
သံဃာ့အဖွဲ့အစည်းများနှင့် မပတ်သက်ရန် "မဟန"ကြိုးပမ်း
ပြည်တွင်း သံဃာများ တရားမ၀င် သံဃာ့အဖွဲ့အစည်းများနှင့် မပတ်သက်ရန်
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြိုးပမ်း
ကိုဝိုင်း/ ၂၄ နိုဝင်ဘာ ၂၀၀၈
line
မဟာယာနသာသနာဖြစ်ပေါ်အောင် ကြိုးပမ်းနေသည့် ရဟန်းများ ၀ိနည်းဓိုရ်အဖွဲ့က အဓမ္မဟု ဆုံးဖြတ်ခဲ့သည့် ၀ါဒများ ဟောပြောနေမှုကို အရေးယူပေးပါရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်က ပန်ကြားလျှောက်ထားခဲ့သည်။
မြန်မာနိုင်ငံ၌ မဟာယနသာသနာဖြစ်ပေါ်အောင် ကြိုးပမ်းနေသည့် ရဟန်းများ အင်အားမကောင်းမီ ကြိုတင်ကာကွယ်ရန်လိုကြောင်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးကုမာရက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄) လပတ်အစည်းအဝေး၌ ယခုကဲ့သို့ မိန့်ကြားခဲ့ခြင်းဖြစ်သည်။ သို့သော် မည်သည့် ရဟန်းများက မည်သို့ကြိုးပမ်းနေသည်ကိုမူ ဆရာတော်ကြီး ဦးကုမာရက အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိပေ။
ဝိနည်းဓိုရ်အဖွဲ့က အဓမ္မဟု ဆုံးဖြတ်ခဲ့သည့် ၀ါဒများ ဟောပြောနေမှုကိုပါ အရေးယူပေးရန် ဥက္ကဋ္ဌ ဆရာတော် ဦးကုမာရက လျှောက်ထားခဲ့သော်လည်း မည်သည့် ဆရာတော်များ၊ မည်သည့်ဝါဒများကို ရည်ညွှန်းကြောင်း ရှင်းရှင်းလင်းလင်း မိန့်ကြားခဲ့ခြင်းမရှိပေ။ ရန်ကုန်သံဃာအချို့ကမူ မိုးကုတ်တရားများထဲမှ အချို့အပိုင်းများကို ၀ိနည်းဓိုရ်အဖွဲ့က အဓမ္မဟု ဆုံးဖြတ်ခဲ့မှုကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။
ဥက္ကဋ္ဌ ဆရာတော် ဦးကုမာရ၏ အဓမ္မဟု ဆုံးဖြတ်ခဲ့သည့် ၀ါဒများ လျှောက်ထားချက်နှင့် ပတ်သက်ပြီး ရန်ကုန်မြို့မှ သံဃာတပါးကမူ “ဘုရားဟောချက်မဟုတ်ရင် ကျန်တာ အဓမ္မကြီးပဲဗျ။ တခုတော့ရှိတယ်။ အဓမ္မ၀ါဒလို့ပြောရအောင် ပြောတဲ့သူက အဓမ္မ၀ါဒဆိုတာ ဘာလဲ။ အဓမ္မတွေထွန်းကားအောင် ဘယ်သူတွေက အားပေးတာလဲ။ ထွန်းကားတော့ မထွန်းကားအောင် သူတို့ ဘာလုပ်ပေးနိုင်သလဲ။ ပြောနေတဲ့ ပုဂ္ဂိုလ်တွေ ဘာလုပ်ပေးနိုင်လဲ။ ဘာမှမလုပ်ပေးနိုင်ဘဲနဲ့တော့ ပြောမနေနဲ့” ဟု အမိန့်ရှိသည်။
ထို့ပြင် အချို့ရဟန်းသာမဏေများသည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ကြီးကြပ်မှုကို မခံယူသည့် တရားမ၀င် သံဃာ့အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေသည်ဟုပါ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးကုမာရက ထိုအစည်းအဝေး၌ စွပ်စွဲလျှောက်ထားခဲ့သည်။
မြန်မာနိုင်ငံတွင်း မည်သည့်အဖွဲ့များသည် တရားမ၀င် သံဃာ့အဖွဲ့အစည်းများဖြစ်သည်ကို အတိအကျမသိရသော်လည်း အဆိုပါ အဖွဲ့အစည်းများ တည်ရှိနေခြင်းသည် သာသနာကို အကာအကွယ်ပေးဖို့လား သို့မဟုတ် သာသနာကို ဖျက်ဆီးဖို့လား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများကို မေးခွန်းထုတ်ချင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ နိုင်ငံခြားရေးရာ တာဝန်ခံလည်းဖြစ် ထောင်ဒဏ် အနှစ် (၆၀) ကျော်ကျသွားသည့် အရှင်ဂမ္ဘီရနှင့် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်သည့် ဦးဣဿရိယက ထောက်ပြသည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် သံဃာအများစုက ရွေးချယ်ခဲ့သည့်အဖွဲ့မဟုတ်ကြောင်း ဦးဣဿရိယက မိန့်ကြားသည်။
“သံဃမဟာနယကဆိုတဲ့ အဖွဲ့ကိုယ်၌က ဦးဇင်းတို့ သံဃာတွေထဲကနေ တကယ်ရွေးချယ်တင်မြှောက်ထားတာ မဟုတ်ဘူးဗျ။ ရှင်းရှင်းပြောရရင် (၄၇) ပါးလုံးကို အစိုးရကနေပြီးတော့ သူတို့ ထိန်းချုပ်လို့ရမယ့် အစိုးရရဲ့ သြဇာခံမယ့် သံဃာတွေကို ရွေးထားတာ။ မြန်မာတနိုင်ငံလုံးကို ဆန္ဒခံယူပြီး ဒီမိုကရေစီနည်းအရ ဒီသံဃာတွေက အရည်အချင်းရှိတယ်။ သာသနာရေးကိုတော့ တကယ်အားထုတ်မှာပဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးချယ်ထားတာ မဟုတ်ဘူး” ဟု ခေတ်ပြိုင်သို့ မိန့်ကြားသည်။
ထို့နောက် ဘုန်းကြီးကျောင်းများအား စစ်အစိုးရ၀င်စီးချိန်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ အကာအကွယ်မပေးခဲ့ပုံကို ဦးဣဿရိယက ဆက်လက် မိန့်ကြားသည်။
“အခုဆိုရင် ကျောင်းပေါင်း (၆၁) ကျောင်းကို သူတို့ သူပုန်စခန်းတွေဝင်စီးသလို၊ ကိုယ့်သာသနာကို ၀င်ဖျက်ဆီးတာကို မဟန ဆရာတော်တွေ ဘာများကာကွယ်ပေးခဲ့ပါသလဲ။ ဘာများ လုပ်ပေးခဲ့ပါသလဲ။ မိမိတို့နိုင်ငံထဲမှာ မိမိသံဃာတွေ ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှောက်ချီတက်တာကို အပြစ်လို့ ယူဆနေကြရင် ဒီသံဃာတော်တွေဟာ အကာအကွယ်မဲ့ဖြစ်နေတယ်။ သံဃာတော်တွေဟာ မြတ်စွာဘုရားရဲ့ way ကိုမှ အဓမ္မလို့ပြောရင် အဲဒီမဟန ဆရာတော်ကြီးတွေ ကိုယ်တိုင်ကရော ဘာလမ်းစဉ်လဲ ဘုရားရဲ့လမ်းစဉ်လား။ သူတို့က မိစ္ဆာဝါဒီကို အားပေးတဲ့လမ်းစဉ်လား ဆိုတာ ပြန်လည် ဆန်းစစ်ဖို့ လိုပါတယ်” ဟု မိန့်ကြားသည်။
သို့သော် စစ်အစိုးရသည် ၂၀၀၃ နှစ်ကတည်းက ပြဋ္ဌာန်းခဲ့သည့် ရန်ကုန်တိုင်း သံဃာတော်များ ညမထွက်ရအမိန့်ကိုမူ ယခုထိ ရုပ်သိမ်းခြင်းမရှိသေးပေ။
ခေတ်ပြိုင်
Thursday, November 20, 2008
Saturday, November 15, 2008
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ထောင်ပြောင်းရွှေ့
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို ထောင်ပြောင်းရွှေ့
မြန်မာပြည်လွတ်မြောက်ရေး အဖွဲ့ ချုပ် ဒီနေ့ နံနက် ၅ နာရီက နအဖ စစ်အစိုးရက ၈၈မျိုးဆက်
ကျောင်းသားခေါင်းဆောင်များကို နစ်ရှည် ထောင်ဒဏ် တွေချမှတ်ပြီး လူစုခွဲ ကာ ထောင်အသီးသီး သို့  ပြောင်း ရွေ့ လိုက်
ကြောင်း သတင်းရရှိပါတယ်။ ပြောင်းရွေ့လိုက်တဲ့ထောင်များမှာအောက်ပါအတိုင်းဖြစ်ပါတယ်။
၁- ကိုမင်းကိုနိင် နှင့် ကိုကိုကြီး - ကျိုင်းတုံ ထောင်
၂- ကိုဌေးကြွယ် - ဘူးသီးတောင်ထောင်၊
၃- မစုစုနွေး - မန္တလေးထောင်
၎- ကိုပြုံးချို - ကော့သောင်းထောင်
၅- ကိုမြအေး- လာရှိုးထောင်
၆- ကိုလှမျိုးနောင်နဲ့ ကိုအောင်နိင် - ကလေးထောင်
၇- ကိုအောင်သူနဲ့  ကျောင်းသားခေါင်းဆောင် ၈ ယောက် - ပူတာအိုထောင်
အသီးသီး သို့ ပြောင်းရွေ့ လိုက် ကြောင်း သတင်းရရှိပါတယ်။ ဒီလိုပြောင်းရွေ့ တာကတော့ ၈၈ မျိုးဆက်ခေါင်းဆောင်များ အား စိတ်ဓါတ်ကျဆင်းအောင် ရည်ရွယ်တာဖြစ်တယ်လို့  ၈၈ မျိုးဆက် အဖွဲ့ ဝင်တဦးဖြစ်တဲ့ ကိုအောင်မျိုးတင့်ကပြော ပါတယ်။
သာသနာ့အောင်လံလွင့်ထူကြလော့
မြန်မာနိုင်ငံတွင်နအဖ၏မတရားဖိနှိပ်မှုများကိုပေါ်လွင်ထင်ဟတ်စေသည့်အနေဖြင့်၎င်း၊
အဓမ္မ၀ါဒများပပျောက်၍ဓမ္မ၀ါဒများထွန်းကားစေရန်ရည်ရွယ်သည့်အနေဖြင့်၎င်း
သာသနာ့အောင်လံလွင့်ထူသည့်ကန်ပိန်းတစ်ရပ်ကိုစတင်ဆင်နွဲနေပြီဖြစ်သည်၊
သို့ပါ၍မိမိတို့၏နေထိုင်ရာလမ်း၊အိမ်၊ကျောင်း၊မော်တော်ယာဉ်စသည့်တောရောမြို့ပါ
မကျန်သာသနာ့အောင်လံကိုလွင့်ထူ၍နအဖစစ်မိစ္ဆာအုပ်စုအားတော်လှန်တိုက်ပွဲဝင်ကြပါရန်
တိုက်တွန်းနိုးဆော်အပ်ပါသည်။
သာသနာ့အောင်လံလွင့်ထူကြလော့
ဒို့ပြည်ဒို့ရွာ
ဒို့သာသနာကို
ဒို့ကာကွယ်ဖို့အသိ
ဒို့မှာတာဝန်ရှိပြီမို့
ဒို့သာသနာ မကွယ်ပရေး
ဒို့အရေး
ဒို့သာသနာ့အန္တရာယ်
ဒို့ကာကွယ်
ဒို့သာသနာ့အလံ
ဒို့အောင်လံမို့
ဒို့ဘုရားကျောင်းကန်
ဒို့အိမ်ပါမကျန်
ဒို့ရဲအောင်လံ
ဒို့သာသနာ့အလံကို
ဒို့ရဟန်းပြည်သူ
ဒို့စိုက်ကာထူမည်
အဓမ္မဘေးဝေးပါစေ
မသူတော်ဘေးဝေးပါစေ။ ။
မင်းသုည
၁၃ ၁၁ ၂၀၀၈
သခင်စိတ်ဓာတ်သခင်အကျင့်
သခင်လား ကျွန်လား
ရိုးရိုးကျင့် မြင့်မြင့်ကြံ
မှန်တာလုပ် ဟုတ်တာပြောတဲ့
ဒါ… သခင်တစ်ယောက်ရဲ့စိတ်ဓာတ်နဲ့
သခင်တစ်ယောက်ရဲ့အကျင့်မြတ်ပဲ၊
သခင်ဆိုတာ
မရသင့်တဲ့အခွင့်အရေး
ဘယ်သူပေးပေးမယူဘူး
“ထမင်းကြမ်းခဲ” ပြလို့
အမြီးနှံ့ပြရတာ
သခင်မဟုတ် ကျွန်ရဲ့အလုပ်ပဲ၊
သခင်ဆိုတာ
ဗဟုသုတနဲ့ ယုံကြည်မှုရှိ
စိန်ရွှေငွေ ဏ သ တ န မ တွေသူမကြည့်
တိုင်းပြည်ရဲ့တာဝန်ကိုသိတယ်
တိုင်းပြည်နဲ့မိမိတာဝန်
ချိန်ခွင်လျှာတင်ကြည့်ရင်
တိုင်းပြည်ကအလေးသာတယ်၊
ကျွန်ဆိုတာ------
ခံမပြောရဲဘူး
ဟောက်ငေါက်သမျှဖိခံ
မှန်မမှန်သူမသိ
သူသိတာကသခင်အလိုကျအမြီးနှံ့ပြဖို့
သခင်ဆိုတာ
ခိုင်းလို့မဟုတ် တာဝန်သိလို့လုပ်တယ်
မဟောက်နဲ့မငေါက်နဲ့
ကြောက်တတ်တဲ့အလေ့မရှိ
မမှန်တာသူသိရင်
ဖွင့်ဟဖို့ဝန်မလေး
အသက်ပေးဆောင်ရွက်
ဒါ…သခင်စိတ်ဓာတ်နဲ့
သခင်တစ်ယောက်ရဲ့အကျင့်မြတ်ပဲ
သခင်နဲ့ကျွန်
ချိန်ခွင်လျှာတင်ကြည့်
သခင်လား? ကျွန်လား?
ခွဲခွဲခြားခြားသိချင်တယ်
ကွဲကွဲပြားပြားသိချင်တယ်
အဖြေ…………။
မင်းသုည
၁၃-၁၁-၂၀၀၈